iMyanmarHouse.com - Best Property Website for Myanmar
×

အဆိုတော် ရီဟားနားသည် ဗြိတိန်ရော့ခ် တေးဂီတအဖွဲ့ The Beatles ၏ ဘေလ်ဘုတ် လူကြိုက်အများဆုံး တေးသီချင်း ၁၀၀ (Billboard Hot 100) စံချိန်ကို ချိုးလိုက်သည်။

ရီဟားနား၏ Work သီချင်း သည် Billboard Hot 100 စာရင်း တွင် သီတင်းပတ် ကိုးပတ်အထိ နံပါတ် ၁ နေရာ၌ ရပ်တည်နေခဲ့ သည်။ ရီဟားနား၏ သီချင်းစုစု ပေါင်း ၁၄ ပုဒ်သည် Billboard Hot 100 စာရင်း၌ သီတင်းပတ် ပေါင်း ၆၀ အထိ နံပါတ် ၁ နေရာ ရရှိခဲ့သည်။ ရီဟားနား၏ စံချိန် သည် The Beatles အဖွဲ့၏ စုစု ပေါင်း စံချိန်ထက် သီတင်းပတ် တစ်ပတ် ပိုသွားခြင်းဖြစ်သည်။

ရီဟားနားသည် The Beatlesအဖွဲ့၏ Billboard Hot 100 စံချိန်ကို ချိုးနိုင်ခဲ့သော်လည်း အမေရိကန်အဆိုတော် မာရီယာ ကာရေး၏ စုစုပေါင်းစံချိန်ကိုမူ ကျော်လွန်နိုင်ခြင်းမရှိပေ။ မာရီ ယာကာရေးသည် Billboard Hot 100 ၌ သီတင်းပတ်ပေါင်း ၇၉ ပတ်အထိ နံပါတ် ၁ နေရာ ရရှိ ထားသူဖြစ်သည်။

ရီဟားနားအတွက် နံပါတ် ၁အဖြစ် မှတ်ယူခံရသည့် တေး သီချင်းအချို့မှာ အခြားသော အနုပညာရှင်များနှင့် ပူးပေါင်း တင်ဆက်မှုများ ဖြစ်သည်။ Monster နှင့် Love the Way You Lie သီချင်းနှစ်ပုဒ်စလုံး ရီဟားနားနှင့် အီမီနမ်တို့ ပူးတွဲ တင်ဆက်ထားခြင်းဖြစ်ပြီး ယင်း သီချင်းများသည် Billboard Hot 100 ၌ သီတင်းပတ် ၁၁ ပတ်ကြာနံပါတ် ၁ နေရာ ရရှိခဲ့သည်။ ဇန်နဝါရီ ၂၇ ရက်တွင် ထွက်ရှိခဲ့သော Work သီချင်းသည် ရီဟားနားနှင့် ရက်ပါဒရိတ်ခ်တို့ ပူးပေါင်းတင် ဆက်ထားသည့် သီချင်းဖြစ်သည်။

Credit: 7 Day Daily


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top