iMyanmarHouse.com - Best Property Website for Myanmar
×

သူက သင့်ကို နတ်သမီးလေးတစ်ပါးလို မဆက်ဆံဘူးဆိုရင် သူ့ကိုလည်း သင်က နတ်သားတစ်ပါးလို ဆက်ဆံစရာ ဘာအကြောင်းမှ မရှိဘူး။ သင့်ကို အလေးမထားမှန်း သိသာနေသူကို သင်လည်း အလေးထားစရာမလိုဘူးလေ။

၁။ ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့

အဲဒါ သင့်ကြောင့် မဟုတ်ဘူး။ သူ့ဆီက သင်အများကြီး လိုချင်နေတာမဟုတ်ဘူး။ သူကိုက အကျင့်မကောင်းတာ။

၂။ သူ့ရဲ့ စိတ်ရင်းအစစ်အမှန်ကို မြင်အောင်ကြည့်ပါ။

သူက သင့်ကို ဆိုးဆိုးရွားရွားဆက်ဆံနေမှတော့ သူက တစ်ချိန်က သင်ထင်တဲ့သူမျိုးမဟုတ်တာ ရှင်းနေတာပဲလေ။ သင်လို မိန်းကလေးမျိုး မကြာခဏ သူမတွေ့နိုင်ဘူးဆိုတာ သူသဘောပေါက်အောင် ပြလိုက်ပါ။

၃။ သူ့ရဲ့စိတ်ပျက်စရာ အပြုအမူတွေကို သည်းခံနေစရာမလိုဘူး

သင် သူ့အပေါ် ဘာအကြွေးမှ တင်ထားတာမရှိဘူးလေ။ ကြိုက်တဲ့အချိန် သူ့ကိုထားလို့ရနေတာပဲ။ ဘာကို စောင့်ဆိုင်းနေမှာလဲ။

၎။ ပျော်ရွှင်မှုကို ရွေးချယ်ပါ

သင့်ရဲ့ခံစားချက်တွေကို ထိန်းချုပ်ရတာများနေပြီ။ လူတစ်ယောက်တည်းက သင့်ကို အကြိမ်ကြိမ် စိတ်ညစ်အောင် လုပ်နေတာကို ကျင့်သားရနေပြီဆိုပြီး ငြိမ်ခံမနေပါနဲ့တော့။ သူ့ကိုထားခဲ့ပြီး ကိုယ့်ကို ပျော်ရွှင်မှု ပေးနိုင်မယ့်သူကို ရှာပါ။

၅။ သူ့ရဲ့ အဓိပ္ပာယ်မရှိတဲ့ အကြောင်းပြချက်တွေကို လက်မခံပါနဲ့

သင့်ကို ဆိုးဆိုးရွားရွားဆက်ဆံနေတာအတွက် လက်သင့်ခံနိုင်တဲ့ အကြောင်းပြချက်ဆိုတာ မရှိပါဘူး။ သူ့မှာ အလုပ် ၃ လုပ်ရှိပြီး ဖိအားတွေ များနေပါစေဦးတော့ သင့်ကို ပုံချစရာအကြောင်း မရှိပါဘူး။ သူ သင့်ကို တကယ်ချစ်ရင် ကောင်းကောင်းမွန်မွန်ဆက်ဆံမှာပါ။

၆။ သင်ဘယ်လိုပဲကြိုးစားပါစေ သူ့ဘက်က ပြန်မကောင်းလာတော့ဘူး။

သင့်ဘက်က စာတွေ အကြိမ်ကြိမ်ပို့ပို့၊ ဂရုစိုက်မှုတွေ ဘယ်လိုပဲပြပြ သူ သင့်အပေါ် ဆက်ဆံတဲ့ ပုံစံက ပိုပြီး ကောင်းမလာတော့ဘူးဆိုရင် သူ့ဘက်က သင့်ကို ဘယ်လိုမှ စိတ်မပါတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ သူ့ဘက်က (မဖြစ်သာလို့) နည်းနည်းလိုက်လျောမှု ရှိပေးခဲ့ရင်တောင် အဲဒီလောက်နဲ့ မလုံလောက်ပါဘူး။ သင့်ကို ပျော်ရွှင်မှုပေးတဲ့သူမျိုးသာ သင်လိုအပ်ပါတယ်။

၇။ ဆိုးရွားတဲ့ ဆက်ဆံမှုနဲ့ ထိုက်တန်တဲ့သူဆိုတာ မရှိဘူး။

သင့်အချစ်ဆုံး သူငယ်ချင်းသာ ဒီလိုအဖြစ်မျိုးနဲ့ ကြုံတွေ့နေမယ်ဆိုရင် သင့်ပါးစပ်ကို ပိတ်ထားမှာလား။ အဲဒီတော့ သင့်နေရာမှာ သင့်သူငယ်ချင်းသာဆိုရင်လို့ တွေးပြီး သင်ခံစားနေရတာတွေကို အဆုံးသတ်လိုက်ပါ။

၈။ သူ့ကို ထားခဲ့လိုက်ရင် သင်ဆုံးရှုံးလိုက်ရတာထက် ရတာက ပိုများပါလိမ့်မယ်

သင် သူ့ကို စွန့်ပစ်လိုက်ရင် သူ့ရဲ့ဖုန်းတွေ၊ မက်ဆေ့တွေကို စောင့်နေရတဲ့ ဖိအားနဲ့ သူ တခြားသူတွေနဲ့ တွဲနေတာကြောင့် ငိုကြွေးနေရတာတွေ အဆုံးသတ်သွားပါလိမ့်မယ်။

၉။ သင့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို သူ့အတွက် သင်ဖြုန်းမိနေပြီ

သူက သင့်ရဲ့ မွေးနေ့ကို သတိရလိမ့်မယ် ထင်ပါတယ်ဆိုတဲ့ မျှော်လင့်ချက် ဖြစ်ပေါ်လာတဲ့အချိန်တိုင်းဟာ သင့်ကို အချိန်တွေကို ဖြုန်းတီးမိနေတာပါ။

၁၀။ ကိုယ့်အတွက်ကို စဉ်းစားသင့်ပါပြီ။

ကိုယ့်ကိုကိုယ် တန်ဖိုးထားတယ်ဆိုရင် သင့်ကို အမှိုက်သရိုက်လို ဆက်ဆံနေတဲ့ လူတစ်ယောက်အပေါ် စွဲလမ်းမနေပါနဲ့တော့။

Credit : Duwun

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top