iMyanmarHouse.com - Best Property Website for Myanmar
×

အရေပြားပေါ်မှာ အဖြူရောင်အသားဖြတ်ကြောင်းတွေ ဒါမှမဟုတ် ဗိုက်ကြောပြတ်ခြင်း တို့ဟာ ကိုယ်ဝန်ဆောင်နေစဉ် အတွင်း ဖြစ်ပေါ်တတ်ပြီး ကိုယ်ဝန်ဆောင်မိခင်များကို မအီမသာဖြစ်စေပါတယ်။ အဲဒီအသားပြတ်ကြောင်းများဟာ ကိုယ်ဝန်ဆောင်ချိန်ဗိုက်ကြီးထွားလာတဲ့အတွက် ဖြစ်ပေါ်တတ်ပါတယ်။ အရေပြားအောက်မှာ ပုံမှန်အနေအထားအတိုင်း ရှိနေတဲ့ ချုံ့တွတစ်ရှူးများဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ကြီးထွားလာပါတယ်။

တကယ်တော့ ဗိုက်ကြောပြတ်ခြင်းဖြစ်ပေါ်လာတာနဲ့ တားဆီး ဒါမှမဟုတ် သုတ်သင်နိုင်ပါတယ်။ ဒါပေမဲ့ စိတ်ရှည်သည်းခံ ဖို့တော့လိုပါတယ်။ ဘာကြောင်းလဲဆိုတော့ အရေပြား ကြီးထွားလာခြင်းနှင့် ကြွတ်သားတွေကို ဖြည်းဖြည်းချင်းပြုပြင်ပေးရ လို့ဖြစ်ပါတယ်။ တစ်ရှူးတွေ ပျက်စီးမှုကို လျှော့ချပေးနိုင်တဲ့ နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ရေအလုံအလောက်သောက်ပါ။

ကိုယ်ဝန်ဆောင်ခြင်းဟာ ရေအလုံအလောက်သောက်ခြင်းကို အဟန့်အတားအပိတ်အပင် မဖြစ်စေပါဘူး။ အရေပြား ပေါ်တွင် ရေဓါတ်ပြည့်ဝသောတစ်ရှူးများရှိနေစေရန်နှင့် ဆွဲဆန့်အားကို ထိန်းသိမ်းနိုင်ရန် တနေ့ ရေ ၈ ခွက် သောက်သုံးပါ။ သစ်သီးဖျော်ရည်ကို သကြားမထည့်ဘဲ သောက်သုံးခြင်းဟာ သန္ဓေသားလောင်းနှင့် သင့်ခန္ဓာကိုယ် ကျန်းမာရေးအတွက် အရမ်းကောင်းပါတယ်။

၂။ ကိုယ်လိမ်းဆီ

ဗိုက်၊ တင်ပဆုံ ဒါမှမဟုတ် ဗိုက်ကြောပြတ်ခြင်း ဖြစ်ပေါ်လေ့ရှိသော အရေပြားပေါ်တွင် ကိုယ်လိမ်းဆီ လိမ်းပါ။ အဲဒီလိုသုတ်လိမ်းခြင်းက အရေပြားပေါ်မှာ ရေဓါတ်ကို ထိန်းသိမ်းပေးပြီး ဆွဲဆန့်ခြင်းကို အထောက်အကူဖြစ် စေပါတယ်။

၃။ ကိုယ်အလေးချိန်သိသိသာသာမတက်အောင် ထိန်းသိမ်းပါ

ကိုယ်ဝန်ဆောင်နေစဉ် ကိုယ်အလေးချိန်တက်တာဟာ ပုံမှန်ပါဘဲ။ ကိုယ်အလေးချိန်တက်တာကို မထိန်းချုပ်ဘူးဆိုင် ရင်တော့ ဘသာဝကိုလွန်ဆန်ရာရောက်ပြီး အရေပြားတစ်ရှူးကို ကွဲအက်စေပါတယ်။ သစ်သီးများနှင့်ဟင်းသီး ဟင်းရွက်များအပြင် အခြားအဟာရဓါတ်များကို မျှမျှတတစားသုံးပြီး ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။ 

၎။ ကိုယ်လက်လှုပ်ရှားပါ

ကိုယ်ဝန်ဆောင်အမျိုးသမီးများဟာ အိမ်အနီးအနားမှာ လမ်းလျှောက်ထွက်ခြင်းဘဲဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှား ပေးဖို့လိုပါတယ်။ အဲဒီလိုကိုယ်လက်လှုပ်ရှားမှုက သွေးလည်ပတ်စီးဆင်းမှုကို အထောက်အကူပြုပြီး ခန္ဓာကိုယ် ဖောရောင်ခြင်းကို တာမြစ်ပေးပါတယ်။

ဗိုက်ကြောပြတ်ခြင်းဖြစ်ပေါ်မှုဟာ ဒုက္ခတစ်ခုတော့မဟုတ်ပါ။ ဘာကြောင်းလဲဆိုတော့ မိခင်ဝမ်းဗိုက်ထဲမှာ သန္ဓေသား လောင်းဖွံ့ဖြိုးကြီးထွားလာခြင်းသာ ဖြစ်တယ်။ ဒါကြောင့် ပျော်ရွှင်စွာ ဖြတ်သန်းကြပါစို့။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top