iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့်ချစ်သူနဲ့ ကုမ္ပဏီတစ်ခုတည်းမှာ၊ လုပ်ငန်းခွင် တစ်ခုတည်းမှာ အတူတူ လုပ်ကိုင်ခွင့်ရခြင်းကို ချစ်သူတွေတိုင်း မက်မောကြမှာပါ။ တစ်ယောက်ကိုတစ်ယောက် လွမ်းဆွတ်နေရချိန်တွေ လျော့သွားပြီး ဖေးမကူညီခွင့်တွေရလို့ ချစ်သူနဲ့ လုပ်ငန်းခွင်တူညီနေတာ ကောင်းပါတယ်။ ဒါပေမဲ့ ဒီလိုဆိုးကျိုးလေးတွေလည်း ရှိတတ်တာကိုတော့ မမေ့သင့်ပါဘူး။

၁။ သ၀န်တိုမှု ပြဿနာတွေ

အချိန်ပြည့်လိုလို မြင်တွေ့နေရတော့ မလိုအပ်ဘဲ သ၀န်တိုတာတွေ၊ စိတ်မချတာတွေ၊ ပြဿနာရှာတာတွေ ရှိလာနိုင်တယ်။

၂။ သီးသန့်နေရတဲ့အချိန်မရှိတော့

လူဆိုတာ ချစ်သူကို ဘယ်လောက်ချစ်ချစ် ကိုယ်ပိုင်နေသင့်တဲ့ သီးသန့်အချိန်မျိုးလေးတွေတော့ ရှိရမယ်။ အမြဲတမ်း တောက်တဲ့ကပ်သလို အရာရာပြောပြဆိုပြ မြင်တွေ့နေရတာဟာ ကြာလာရင် စိတ်ကျဉ်းကြပ်စရာ ဖြစ်လာနိုင်တယ်။

၃။ အပြစ်မြင်စရာတွေ

တစ်ယောက်ရဲ့ ဝင်ငွေ၊ ထွက်ငွေတွေကို သိနေတာလည်း မကောင်းပါဘူး။ ကိုယ့်ရဲ့ လုပ်ငန်းပိုင်း ကျွမ်းကျင်မှုတတ်မြောက်မှုတွေပါမြင်နေတော့ ချီးကျူးဖို့ထက် အပြစ်တင်တာ၊ ၀င်စွက်ဖက်တာတွေ ပိုဖြစ်လာနိုင်မှာ သေချာသလောက်ပါပဲ။

၎။ လုပ်ဖော်ကိုင်ဖက်တွေ ငြိုငြင်တာခံရနိုင်

ချစ်သူတို့ သဘာဝ တစ်ယောက်ကိုတစ်ယောက် ကြင်နာယုယတာတွေဟာ ကျန်တဲ့ လုပ်ဖော်ကိုင်ဖက်တွေအဖို့ မျက်စိနောက်စရာ ဖြစ်လာနိုင်ပါတယ်။ ဒါကိုတော့ အထူးသတိထားရမှာပါ။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top