iMyanmarHouse.com - Best Property Website for Myanmar
×

ဘာ့ကြောင့် အိပ်ယာသစ်မှာ အိပ်ပျော်ဖို့ ခက်ခဲသလဲဆိုတာ သိပ္ပံပညာရှင်တွေ သိရှိခဲ့ပါတယ်။ အဲ့ဒါကတော့ အိပ်ယာသစ်မှာ အိပ်စက်တဲ့လူရဲ့ ဦးနှောက်တစ်ခြမ်း နိုးကြားနေလို့ပါတဲ့။ ဒါပေမယ့် ကိုယ်အသုံးပြုနေကျ ခေါင်းအုံးကို ဆောင်ထားခြင်းအားဖြင့် အဲဒီပြသနာကို ကျော်လွှားနိုင်လိမ့်မယ်လို့ သုတေသနပညာရှင်များ ယုံကြည်ထားကြပါတယ်။

ကျွမ်းကျင်ပညာရှင်များက volunteer ၃၅ ယောက်ကို စမ်းသပ်ပြီး နေရာဒေသသစ်မှာ ဦးနှောက် နိုးကြားနေကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကျန်တစ်ဝက်က နိုးကြားတက်ကြွမှု ပိုနည်းပြီး ဒီကွဲပြားခြားနားမှု ပမာဏဟာ လူတွေ တစ်မှေးအိပ်ဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ တိုက်ရိုက် အကျိုးသက်ရောက်စေပါတယ်။

ပထမညမှာ အိပ်စက်ဖို့ ခက်ခဲတတ်ကြတဲ့သူတွေဟာ ဒုတိယညမှာတော့ ဦးနှောက် နှစ်ခြမ်းလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါတယ်။ သုတေသီ Yuka Sasaki က ဦးနှောက်အချိုးမညီမှုက မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်ဖို့ ညကင်းစောင့်သူလို ဖြစ်လာတယ်လို့ ဆိုပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top