iMyanmarHouse.com - Best Property Website for Myanmar
×

ယောကျာင်္းလေးတွေအနေနဲ့ မိန်းကလေးတစ်ယောက်ကို လုံလောက်တဲ့ အချိန်တစ်ခုအထိ တွဲလာပြီးတဲ့နောက်မှာ လက်ထပ်ဖို့ စဉ်းစားလာတာ သဘာဝပါ။ ဒါပေမယ့်လည်း ကိုယ့်တွဲနေတဲ့ မိန်းကလေး ဟာ ကိုယ်တစ်သက်လုံးစာ လက်တွဲဖို့အတွက် ထိမ်းမြားလက်ထပ်သင့်သူ ဟုတ်၊မဟုတ် ဘယ်လိုသိနိုင်ပါမလဲ။ တစ်ချို့ကတော့ ဒီလို ရွေးချယ်တဲ့အခါမှာ ဦးနှောက်နဲ့ စဉ်းစားရတယ်လို့ ဆိုကြပါတယ်။ တစ်ကယ်တော့ ကိုယ့်စိတ်ထဲမှာ အလိုလို ဖြစ်ပေါ်လာတဲ့ လက္ခဏာ တစ်ချို့ ကို ကြည့်ပြီး ဒီ မိန်းကလေးဟာ ကိုယ့်ရဲ့  အိမ်သူ ဖြစ်သင့်သလားဆိုတာကို ဆုံးဖြတ်နိုင်ပါတယ်။ အဲဒီလက္ခဏာ တွေကတော့ -

၁။ သူမဟာ သင့်အတွက် အကောင်းဆုံး သူငယ်ချင်းတစ်ယောက်လို ဖြစ်နေပြီဆိုရင်

ကိုယ် တစ်သက်လုံးစာ လက်တွဲမယ့် မိန်းကလေးဟာ ကိုယ့်အတွက် အချစ်ဆုံး သူငယ်ချင်း တစ်ယောက်လို အရာရာကို တိုင်ပင်ပြီး အတူဖြေရှင်းနိုင်စွမ်းရှိရပါမယ်။ သင့်စိတ်ထဲမှာ သူမဟာ သင့်အတွက် အချစ်ဆုံး သူငယ်ချင်း တစ်ယောက် သဖွယ် ဖြစ်နေပြီ ဆိုရင်တော့ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပါ။

၂။ သူငယ်ချင်းတွေရှေ့ မှာ သူမနဲ့ ဖုန်းပြောရတာ မရှက်တော့ရင်

ကိုယ့်ချစ်သူကောင်မလေး နဲ့ ဖုန်းပြောတဲ့ လေသံ ဟာ တစ်ခြား လူတွေနဲ့ ဖုန်းပြောသလို မဟုတ်ပါဘူး။ အဲဒီအခါမှာ ကြားတဲ့ သူငယ်ချင်းတွေက စနောက် ရယ်မော တတ်ကြပါတယ်။ အဲဒီအခါမှာ အနည်းငယ် ရှက်သလိုတော့ ခံစားတတ်ကြပါတယ်။ တစ်ကယ်လို့ သင်ဟာ သူငယ်ချင်းတွေရှေ့မှာ သူမနဲ့ ဖုန်းပြောတာ မရှက်တော့ ရင် သင်တို့ ၂ ယောက်ဟာ တစ်သားတည်းကျနေပြီလို့လည်း မှတ်ယူနိုင်ပါတယ်။

၃။ သူမ မရှိပဲ အိပ်မပျော်တော့ရင်

ဒါဟာ ချစ်တင်းနှောခြင်းကို ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ့်ချစ်သူ ကောင်မလေးနဲ့ အတူ အိပ်စက်ချင်တဲ့ စိတ်ဖြစ်လာတာဟာ ဘ၀ ၂ ခု ပေါင်းစပ်ဖို့အတွက် အခြေခံ လိုအပ်ချက်တစ်ခုလည်း ဖြစ်ပါတယ်။

၎။ တစ်ယောက် ကို တစ်ယောက် အထင်ကြီးလေးစားတတ်လာရင်

အိမ်ထောင်တစ်ခုတည်ဆောက်တဲ့အခါမှာ အရေးအကြီးဆုံး အရာက အပြန်အလှန်လေးစားမှုပါ။ ကိုယ့်ဘက်က သူမကို လေးစားမှု မပြုနိုင်တဲ့အခါမျိုး ၊ သူမဘက်က ကိုယ့်ကို အထင်မကြီးတဲ့အခါမျိုးမှာတော့ လက်ထပ်ဖို့ မစဉ်းစားပါနဲ့။လက်ထပ်လိုက်လည်း အဆင်ပြေမှာ မဟုတ်ပါဘူး။

၅။ သူမဟာ သင့်အတွက် ချစ်စရာ အကောင်းဆုံး သူတစ်ယောက်ဖြစ်နေရင်

ဒါဟာ ချစ်သူဖြစ်ကာစ တုန်းကလို ကိုယ့်မျက်လုံးထဲမှာ သူမဟာ အလှဆုံး ဖြစ်နေတယ်ဆိုတဲ့ ကဗျာဆန်ဆန် ဖီလင်မျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ လက်တွေ့ဆန်တဲ့ ခံစားချက်မျိုးကို ဆိုလိုတာပါ။ သင်တို့ ၂ ယောက်လက်ထပ်ပြီးရင် သူမ ကို သင်အချိန်တိုင်း တွေ့မြင်နေရမှာပါ။ ဒါကြောင့် သူမဟာ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် သင့်အတွက် ချစ်စရာ ကောင်းတဲ့ အသွင်အပြင်မျိုး မြင်နေဖို့လိုပါတယ်။


Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top