iMyanmarHouse.com - Best Property Website for Myanmar
×

နာတာရှည် စိတ်ဖိစီးမှုတွေဟာ ကျန်းမာရေး ပြဿနာ တွေဖြစ်လာစေနိုင်တယ်ဆိုတာ သင် သတိထား မိပါသလား။ နှလုံးရောဂါ ၊ ကင်ဆာ ၊ အသက်ရှုမ၀တာ တွေ ဖြစ်စေနိုင်တဲ့အပြင် နာတာရှည် စိတ်ဖိစီးမှု တွေဟာ သင့်ရဲ့  ဦးနှောက် ကိုလည်း ထိခိုက်စေသလို သွေးဖိအားတွေ မြင့်တက်လာစေပြီး ခုခံအား တွေကို ကျဆင်းလာစေနိုင်ပါတယ်။  ဒါကြောင့် စိတ်ဖိစီးမှုတွေကို လျော့တွက်ထားလို့ မရပါဘူး။ သင့်ဆီမှာ နာတာရှည် စိတ်ဖိစီးမှု တွေ ရှိနေပြီ ဆိုရင်တော့ အဲဒီ စိတ်ဖိစီးမှုတွေကို ထိန်းချုပ်နိုင်မယ့် မဟာ ဗျူဟာ တစ်ရပ် ချမှတ်ဖို့ လိုအပ်နေပါပြီ။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို စီမံခန့်ခွဲ ထိန်းချုပ်နိုင်မယ့် မဟာဗျူဟာ မြောက် နည်းလမ်း တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အမြဲတမ်းပြုံးနေဖို့ မမေ့ပါနဲ့

တစ်ချက်ပြုံးလိုက်ခြင်းဟာ အခြေအနေတစ်ရပ်ရဲ့  အကောင်းမြင် အနေအထားတွေကို ဖြစ်လာစေနိုင်ပါတယ်။ အကောင်းမြင်ခြင်းဟာ စိတ်ဖိစီးမှု တွေကို ဖြေရှင်းရာမှာ လိုအပ်တဲ့ အခြေခံ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ပြုံးနေခြင်းဟာ သင့်ရဲ့ စိတ်ခံစားချက်ဆိုင်ရာ တုံ့ပြန်မှုတွေကို ပြောင်းလဲပေးနိုင်ပြီး စိတ်ဖိစီးမှု တွေအောက်ကနေ လွတ်မြောက်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။

၂။ လှုပ်ရှားမှု ပြုလုပ်ပေးပါ

စိတ်ဖိစီးမှုတွေကို ခံစားနေရပြီဆိုရင်တော့ လုပ်လက်စ အလုပ်တွေကို ခဏနားထားပြီးတော့ လေကောင်းလေသန့်ရမယ့် တစ်နေရာကို ထထွက်သွားလိုက်ပါ။ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေဟာ သင့်ရဲ့  စိတ်ဖိစီးမှုတွေကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေကို တည်ငြိမ်သွားအောင် ကူညီပေးနိုင်ပြီး လန်းဆန်းမှုတွေကို ဖန်တီးပေးပါတယ်။ လှုပ်ရှားမှုတွေဟာ သင့်ရဲ့  အောက်ဆီဂျင် ပမာဏတွေကို မြှင့်တင်ပေးသလို စဉ်းစားတွေးခေါ်မှုတွေအတွက်လိုအပ်တဲ့ ဦးနှောက်ရဲ့  ဓါတုပစ္စည်းတစ်မျိုးဖြစ်တဲ့ Endorphin တွေကိုလည်း ဖြစ်ပေါ်လာစေနိုင်ပါတယ်။

၃။ မှန်ကန်တဲ့အစားအစာ တွေ စားသုံးပေးပါ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားသုံးခြင်းဟာ ခုခံအားစနစ်ကို မြှင့်တင်ပေးခြင်း ၊ သွေးဖိအားတွေ လျော့နည်းစေခြင်း စတာတွေကို ဖြစ်ပေါ်စေတဲ့အတွက် စိတ်ဖိစီးမှုတွေ လျော့ကျစေရာမှာ ကူညီပေးနိုင်ပါတယ်။ သစ်သီးဝလံ တွေနဲ့ ဟင်းသီးဟင်းရွက်စတဲ့ အစားအစာ တွေဟာ Cortisol နဲ့ Adrenaline စတဲ့ ဟော်မုန်း ပမာဏ တွေကို လျော့ကျလာစေနိုင်ပါတယ်။

၎။ အိပ်ချိန်မှန်ပါစေ

ဒါဟာ သင်လုပ်နိုင်တဲ့ အရာတွေထဲမှာတော့ အလိုအပ်ဆုံး ဖြစ်ပါလိမ့်မယ်။ အိပ်ရေးမ၀ခြင်းဟာ စိတ်ဖိစီးမှုတွေနဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။နေ့စဉ် အချိန်မှန် အိပ်ရာ ၀င်ခြင်းဟာ သင့် စိတ်ခံစားမှုတွေနဲ့ ခန္ဓာကိုယ်ကို ပုံမှန် လည်ပတ်မှု ဖြစ်ပေါ်လာစေပါတယ်။

စိတ်ဖိစီးမှုဆိုတာဟာ ထူးဆန်းတဲ့ အရာတစ်ခုမဟုတ်ပါဘူး။ စိတ်ဖိစီးမှုတွေ ဖြစ်လာရင် ဘယ်လို လျော့ကျလာအောင် လုပ်မလဲဆိုတာသာ အရေးကြီးပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top