iMyanmarHouse.com - Best Property Website for Myanmar
×

သုတေသီတွေရဲ့ အသစ် လေ့လာတွေ့ရှိမှုအရ တစ်နေ့လျှင် ကော်ဖီတစ်ခွက်မှ နှစ်ခွက် သောက်လေ့ရှိသူတွေဟာ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ ၂၆ ရာခိုင်နှုန်း လျော့ကျစေကြောင်း သိရပါတယ်။ ကော်ဖီကို နေ့စဉ် နှစ်ခွက်ထက်ပိုပြီး သောက်သူတွေမှာ အူမကြီးကင်ဆာ ဖြစ်ပွားနိုင်မှု ၅၀ ရာခိုင်နှုန်းအထိ လျော့နည်းနိုင်တယ်လို့ သုတေသနရလဒ်က ဆိုပါတယ်။

ဒါ့ပြင် ကော်ဖီသောက်ခြင်းက အူလမ်းကြောင်းနဲ့ ပတ်သက်တဲ့ အခြား ကင်ဆာရောဂါတွေ ဖြစ်ပွားနိုင်ခြေကိုလည်း လျော့ကျစေကြောင်း သုတေသနက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု တောင်ပိုကယ်လီဖိုနီးယားတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ယခု သုတေသနကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ကော်ဖီမှာ ပါဝင်တဲ့ ကဖင်းဓာတ်အပြင် အခြား ဓာတ်ပစ္စည်းကလည်း အူလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ကင်ဆာဖြစ်ပွားနိုင်မှုကို လျော့ကျစေတယ်လို့ သုတေသီတွေက ပြောပါတယ်။

Credit: duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top