iMyanmarHouse.com - Best Property Website for Myanmar
×

ခုချိန်မှာ သင်ဟာ ကလေးဘဝတုန်းက နူးညံ့ပျော့ပျောင်းတဲ့ တံတောင်ဆစ်မျိုးရှိရင် ဘယ်လောက်ကောင်းလဲ တွေးမိပါသလား။ အခုချိန်မှာ ညိုမည်းပြီး ခြောက်သွေ့ချိုးတက်နေတဲ့ တံတောင်ဆစ်အမည်းကွက်တွေ ဘယ်လိုဖယ်ရှားမလဲ။ ဖြေရှင်းခြင်းအတွက် ကောင်းမွန်လွယ်ကူပြီး လျင်မြန်တဲ့ နည်းလမ်းတချို့ရှိပါတယ်။

ရေချိုးနေရင်း လုပ်နိုင်တဲ့ တံတောင်ဆစ် တိုက်ချွတ်နည်းအမျိုးမျိုး

၁။ ရေမြုပ်ကျောက်/ကျောက်ပွ အမှုန့်နဲ့ သံပုယိုသီးဖြင့် တိုက်ချွတ်ဆေးဖော်စပ်ပြုလုပ်ပါ။ သံပုယိုရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်းကို ရေမြုပ်ကျောက်/ ကျောက်ပွအမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်ထက်မနည်းတဲ့ ပမာဏနဲ့ ရောစပ်ရပါမယ်။ နောက် ကောင်းစွာရောသမမွှေပြီး တံတောင်ဆစ်မှာ ၁-၃ မနစ်ကြာ ညင်သာစွာ ပွတ်တိုက်ပေးရမှာပါ။ နေချိုးနေစဉ်မှာပဲ ဆေးချပေးပါ၊

၂။ သကြားအညိုကို ကြိတ်ခြေပြီး ဖန်ခွက်ထဲ ထည့်ပါ။ တံတောင်ဆစ်တိုက်ချွတ်ဖို့ လိုတဲ့အခါ လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ သံလွင်ဆီ လက်ဖက်ရည်ဇွန်းဝက် ရောပြီး တံတောင်ဆစ်မှာ လိမ်းစက်ဝိုင်းသဏ္ဍာန် လှုပ်ရှားနှိပ်နယ်ပြီးနောက် ရေချိုးနေစဉ် ဆေးချပေးပါ။ အချိုးအစားကိုတော့ လိုသလိုသုံးနိုင်ပါတယ်။

၃။ အပေါ်ကအတိုင်း အဖြူရောင်သကြားမှုန့်ကြမ်းကြမ်းလေးနဲ့ ပြားရည်ဆတူဆိုရင်လည်း ကောင်းပါတယ်။

၎။ ညိုမည်းတဲ့အကွက်တွေ ရှိပါက မှုန့်ဖုတ်ဆော်ဒါကို အရည်ပျစ်လေးဖြစ်အောင်လုပ်ပြီး လိမ္မော်ရည် (သို့) သံပုရာ (သို့) သံပုယိုရည် လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့် ရောပြီး ၂ မိနစ်ခန့် ပွတ်ပေးပါ။ ပြီးနောက် ရေနဲ့ ဆေးကြောပါ။

၅။ တံတောင်ဆစ် အရေပြား အရမ်းခြောက်သွေ့ပြီး ချိုးတက်နေရင် ရေနွေးနဲ့ အရင် လောင်းပြီး ရေမြုပ်ကျောက်/ကျောက်ပွနဲ့ ၅ မိနစ်လောက် တိုက်ရိုက်ပွတ်တိုက်ပေးပါ။ ပြီးနောက် ရေနွေးနဲ့ ဆေးကြောပေးပါ။

Credit : Trend myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top