iMyanmarHouse.com - Best Property Website for Myanmar
×

သင်ဟာ သင့်ချစ်သူနဲ့တွေ့ဆုံတိုင်း မေးခွန်းတွေ မေးတတ်ပါသလား။ သင်မေးတဲ့ မေးခွန်းတွေဟာ သင်တို့နှစ်ဦးကြားက ဆက်ဆံရေးကို တိုးတက်စေပါသလား၊ ဒါမှမဟုတ် တစ်ဖက်လူအတွက် စိတ်ကျဉ်းကျပ်စေသလားဆိုတာ သင်သိရပါလိမ့်မယ်။ ချစ်သူစုံတွဲတွေကြား နေ့တိုင်း မေးပေးသင့်တဲ့ မေးခွန်းလေးတွေ ရှိနေပါတယ်။ အဲ့ဒီမေးခွန်းလေးတွေက သင်တို့နှစ်ဦး ဆက်ဆံရေးကို ပိုမိုရင်းနှီးနွေးထွေးလာစေမှာမို့ ချစ်သူတွေကြား အမြဲမေးပေးသင့်တဲ့ မေးခွန်း (၁၀)ခုကို ပြောပြလိုက်ပါတယ်။ ဒီမေးခွန်းတွေဟာ ယောင်္ကျားလေးက မိန်းကလေးကိုပဲ မေးရမယ်၊ မိန်းကလေးကသာ ယောင်္ကျားလေးကို စမေးရမယ်ဆိုတာမျိုး မရှိပါဘူး။ နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် အမြဲမေးပေးသင့်တယ်ဆိုတာ မမေ့ပါနဲ့။

၁။ ဒီနေ့ အဆင်ပြေလား။

သင့်ချစ်သူကို ဒီနေ့ဘာတွေလုပ်ခဲ့သလဲဆိုတာမျိုး မေးမယ့်အစား ဒီနေ့ ကျောင်းမှာ ဒါမှမဟုတ် အလုပ်မှာ အဆင်ပြေရဲ့ လားဆိုတာမျိုး မေးပေးပါ။ ကိုယ့်ချစ်သူရဲ့ မျက်လုံးကို သေချာကြည့်ပြီး အချိန်ယူမေးမြန်းပါ။ သူ့မျက်နှာအမူအယာကြည့်ရတာ တစ်မျိုး ဖြစ်နေရင် သူ့လက်မောင်း၊ ဒါမှမဟုတ် ပခုံးလေးကိုကိုင်ပြီး မေးပါ။ ညင်သာပါစေ။

၂။ အချစ်အတွက် ကိုယ်တစ်ခုခု လုပ်ပေးနိုင်တာများ ရှိသလား။

သင့်ချစ်သူဟာ အလုပ်တွေရှုပ်နေတာကို သင်သိထားတယ်ဆိုရင် သင့်အနေနဲ့ ဘာများကူညီပေးနိုင်မလဲ ဆိုတာလေး မေးလိုက်ပါ။ ဘာမှလုပ်မပေးနိုင်ရင်တောင် သင့်အနေနဲ့ ခုလိုမေးတာမျိုး သူသဘောကျပါလိမ့်မယ်။ တကယ်လို့ ကူညီပေးနိုင်တဲ့ အလုပ်ဆိုရင်လည်း သူကစပြီး သင့်ကို အကူအညီမတောင်းရတဲ့အတွက် သူကျေနပ်ပါလိမ့်မယ်။

၃။ မောင့်အတွက် အရေးကြီးတာ ဘာလဲ။

သင့်ချစ်သူ ဆုံးဖြတ်ချက်ချရတော့မယ် အချိန်မှာ သူ့ကို ဒါမျိုးမေးပေးလိုက်ပါ။ နောက်တစ်မျိုးမေးနိုင်တာ သူ ဘာကို တကယ်လိုချင်တာလဲ ဆိုတာပါပဲ။ ဒီလိုမေးလိုက်ခြင်းအားဖြင့် သူ တကယ်လိုချင်တဲ့အရာနဲ့ သူ တန်ဖိုးထားတဲ့အရာကို သင်သိနိုင်ပါလိမ့်မယ်။

၎။ ဘာတွေလုပ်ချင်နေသလဲ။

ဒီမေးခွန်းကတော့ အားတဲ့အချိန် သူစိတ်ထဲ လုပ်ချင်နေတဲ့အရာတွေကို သင့်ဘက်က အကောင်အထည်ဖော်ပေးမယ် ဆိုတဲ့ သဘောပါပဲ။

၅။ ကိုယ်မင်းကို ဘယ်လိုများ အားပေးနိုင်မလဲ။

ဒီမေးခွန်းကိုတော့ သင့်ချစ်သူ စိတ်ဖိစီးမှုတွေ ခံစားနေရချိန်၊ ဒါမှမဟုတ် အခက်အခဲတစ်ခုခုကြောင့် စိတ်ရှုပ်နေရချိန်တွေမှာ မေးဖို့ အကောင်းဆုံးပါ။ သင့်ချစ်သူဟာ အခက်အခဲတွေကို တစ်ကိုယ်တည်း ရင်ဆိုင်နေရတယ် ဆိုတာမျိုး မခံစားရအောင် သင့်ဘက်က လုပ်ဆောင်ပေးလိုက်ပါ။

၆။ ဘယ်လိုရည်မှန်းချက်ပန်းတိုင်းမျိုးတွေ ကိုယ်တို့နှစ်ယောက်အတွက် ချမှတ်ထားချင်လဲ။ ပြီးတော့ ချစ်ကိုယ်တိုင်အတွက် ဆိုရင်ရော။

သင့်မိသားစု၊ သင့်အလုပ်အကိုင်၊ သူအိပ်မက်တွေနဲ့ ပတ်သက်ပြီး သူဘယ်လိုတွေ စိတ်ကူးထားလဲ၊ ဘယ်လိုရည်မှန်းချက်တွေနဲ့ ကြိုးစားတည်ဆောက်သွားမလဲဆိုတာမျိုး သူ့ချစ်သူဖြစ်တဲ့ သင့်အနေနဲ့ သိထားသင့်ပါတယ်။ သင်တို့နှစ်ယောက်အတွက် သူ့ဘက်က ဘာတွေ စိတ်ကူးထားသလဲဆိုတာတွေကိုပါ သိအောင်လုပ်ပါ။ မေးလိုက်ပါ။

၇။ ကိုယ်တို့အချစ်ရေးနဲ့ပတ်သက်ပြီး စိတ်ထဲမှာ ပျော်ရွှင်မှု ခံစားမိရဲ့လား။

ဒီမေးခွန်းကိုတော့ သင်နေ့တိုင်း မေးဖို့ ခက်ခဲနိုင်ပါလိမ့်မယ်။ ဒါပေမယ့် အတတ်နိုင်ဆုံးတော့ မကြာခဏမေးပါ။ သူ့စိတ်ထဲ ဒီအချစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး အစိုင်အခဲတစ်ခုခု မရှိနေဘူးဆိုတာ သေချာအောင် သင့်ဘက်က လုပ်ဖို့ အရေးကြီးပါတယ်။ ခုလို မေးမြန်းပြီး သူ့ဘက်ကတော့ဖြင့် ဘာလေးကိုဘယ်လိုလေး ဖြစ်ချင်တယ်ဆိုတာမျိုး သိရရင် နှစ်ဦးသားရှေ့ရေးအတွက် ညှိုနှိုင်း ပြင်ဆင်နေထိုင်သွားရုံပါပဲ။

၈။ ချစ်သူက ဘယ်လိုအရာမျိုးတွေ ကြုံရမှာ အကြောက်ဆုံးလဲ။

ဒီမေးခွန်းကလည်း သင်သိကိုသိထားရမယ့် အရာတစ်ခုပေါ့။ သင့်ချစ်သူက ဟိုအရင်က ဘယ်လိုအရာမျိုးတွေနဲ့ ပတ်သက်ပြီး ခံစားခဲ့ရဖူးသလဲဆိုတာ ဒီမေးခွန်းမှာ ပေါ်မှာပါ။ သူ့အနေနဲ့ ဘာကိုတော့ဖြင့် မကြုံတွေ့ချင်ဘူး၊ ဘာကိုတော့ဖြင့် မခံစားချင်တော့ဘူးဆိုတာမျိုးတွေ ဖွင့်ဟလာပါလိမ့်မယ်။

၉။ဘယ်အရာတွေက မောင့်ကို အပျော်ရွှင်ဆုံးဖြစ်စေသလဲ။

ဘ၀ဟာ ပျော်စရာတွေချည်းပဲ ကိုယ့်ဆီယူဆောင်လာမှာ မဟုတ်ပါဘူး။ အလုပ်တွေလုပ်ရင်း၊ လူမှုကိစ္စတွေ လုပ်ဆောင် ရင်း နေ့စဉ်ဘ၀တွေကို ဖြတ်သန်းနေကြရတာပါ။  ဒီတော့ လူတိုင်းမှာ စိတ်ညစ်စေတတ်တဲ့အရာတွေ၊ စိတ်ပျော်ရွှင်စေ တတ်တဲ့ အရာတွေ ရှိပါတယ်။ သင့်ချစ်သူကို စိတ်အပျော်ဆုံး ဖြစ်စေတာက ဘာများလဲ။ မသိချင်မိဘူးလား။

၁၀။နှစ်ဦးသားဘ၀ကို ဘယ်လိုပုံဖော်သွားချင်သလဲ။

ဒီမေးခွန်းကတော့ ခုချိန်အတွက်ရော၊ နောက်အနာဂတ်အတွက် ဘယ်လိုရည်မှန်းချက်တွေ ထားကြမလဲဆိုတာမျိုးကို မေးလိုက်ခြင်းပါပဲ။ ဒီမေးခွန်းကို ဖြေဖို့ သင့်ချစ်သူက အသင့်မဖြစ်သေးဘူးဆိုရင် သူ့ကို အချိန်တစ်ခုပေးလိုက်ပါ။ တစ်ခါတစ်လေ ဖြစ်ချင်တာတွေများပြီး စိတ်ကူးပုံမပေါ်လာတာမျိုးတွေ ရှိတတ်ပါတယ်။ သူ့ဘက်က သေချာသိလာရင် သင့်ကိုပြောပြဖို့ သူ့ကိုခုကတည်းက တောင်းဆိုထားလိုက်ပါ။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top