iMyanmarHouse.com - Best Property Website for Myanmar
×

၁။ ရန်ဖြစ်ပြီး အိပ်ယာဝင်လည်း သူတို့ကတော့ အေးဆေးပဲ။ အချစ်ရေးခိုင်မြဲတဲ့ စုံတွဲတွေက ရန်ဖြစ်ပြီး အိပ်ယာဝင်တဲ့အခါ သိပ်မကြာခင် ဘာမှမတွေးပဲ အိပ်ပျော်သွားတက်ကြတယ်လို့ လေ့လာချက်က ဆိုပါတယ်။

၂။ ဇနီးမောင်နှံ နှစ်ဦးလုံး ပေါင်းသင်း ဆက်ဆံရေးကောင်းတယ်။ သူငယ်ချင်းကောင်းတွေရှိတယ်။ စုံတွဲ တစ်တွဲမှာ တစ်ယောက်ကပဲ social life ပိုကောင်းနေရင် အဆင်မပြေ ဖြစ်တက်ပါတယ်။

၃။ ကိစ္စအများစုကို အမှန်တိုင်းပြောတက်ကြတယ်။ ဒါပေမယ့် အားလုံးကိုတော့ မဟုတ်ဘူး။ လေ့လာချက်အရ ပျော်ရွှင်ခိုင်မြဲတဲ့ စုံတွဲတွေဟာ တစ်ဖက်သူရဲ့အခြေအနေကိုကြည့်ပြီးမှ ဘာပြောသင့်သလဲ စဉ်းစားကြတယ်လို့ ဆိုတယ်။

၎။ လူကြားထဲမှာ လက်တွဲဖော်ကို နမ်းဖို့၊ ရဲရဲရင့်ရင့် လက်တွဲဖို့၊ ပခုံးဖက်ဖို့ လက်မနှေးတတ်ကြဘူး။

၅။ တစ်ယောက်ရဲ့ ဆန္ဒကို မကြိုက်ရင်တောင် လုံးဝ လျစ်လျှူရှုတာမျိုး မလုပ်ကြဘူး။ ကိုယ်ပိုင်နည်းလမ်းနဲ့ ဖြေရှင်းဖို့ကို ဆွေးနွေးတတ်ကြတယ်။ သဘောမတူတာကို ငြင်းခုံမနေကြဘူး။

၆။ ရန်ဖြစ်ရင် လမ်းခွဲမယ်ဆိုတဲ့ စိတ်ကူး သူတို့ခေါင်းထဲမှာ မရှိဘူး။ ဘဏ်အကောင့်တွေလည်း အတူတူ ပူးတွဲ လုပ်ထားကြတယ်။ အရာရာကို ဝေမျှထားကြတယ်။ ဒါကြောင့် ပြဿနာ တစ်ခုဖြစ်လာရင် လမ်းခွဲမယ့် စကားမပြောပဲ ရအောင် ဖြေရှင်းတတ်ကြတယ်။

Credit : Duwun


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top