iMyanmarHouse.com - Best Property Website for Myanmar
×

အလုပ်ခွင်အတွင်း အမျိုးသမီးချင်းပြိုင်ဆိုင်တာဟာ ပြိုင်ဆိုင်တဲ့ အမျိုးသမီးတွေအတွက် နှောင့်နှေးမှုတွေကို ဖြစ်စေတယ်လို့ သုတေသနတစ်ခုက ဖော်ပြပါတယ်။  လုပ်ဖော်ကိုင်ဖက်အမျိုးသမီးတွေနဲ့ ပြိုင်ဆိုင်တဲ့ အမျိုးသမီးတွေဟာ လုပ်ငန်းခွင်မှာ တခြားလူတွေနဲ့ဝေးကွာနေတာ၊ ဆက်ဆံရေးထိခိုက်တာတွေဖြစ်ပြီး သူတို့ရဲ့အလုပ်ကို ဖျက်ဆီးသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

University College London's School of Management က အဆိုပါ သုတေသနကို ပြုလုပ်ခဲ့တာဖြစ်ပြီး အမျိုးသားနဲ့ အမျိုးသမီးကွာခြားရခြင်းဟာ အမျိုးသမီးတွေက ဟန်ချက်ညီမှုနဲ့ သာတူညီမျှမှုကို တန်ဖိုးထားကာ ပြိုင်ဆိုင်မှုကို အပြုသဘောဘက်က မမြင်ကြတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ အမျိုးသားတွေကတော့ ပြိုင်ဆိုင်မှုကို အလုပ်ရဲ့အစိတ်အပိုင်းအဖြစ် မြင်ကြတယ်လို့ဆိုပါတယ်။

အမျိုးသမီးအများစုနဲ့ဖွဲ့စည်းထားတဲ့ လုပ်ငန်းတွေဟာ အောင်မြင်ဖို့အတွက် ပြိုင်ဆိုင်မှုနည်းတဲ့ လုပ်ငန်းခွင်မျိုး မွေးမြူတာက ပိုမိုကောင်းမွန်တယ်လို့လည်း အဆိုပါသုတေသနက အကြံပြုထားပါတယ်။

Credit : Duwun


ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top