iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ်ချစ်ရတဲ့ ချစ်သူက ကိုယ့်အပေါ် နွေးထွေးတဲ့ ဆက်ဆံရေးမျိုးကို လူတိုင်း လူချင်ကြပါတယ်။ တစ်ချို့ကြတော့လည်း  ချစ်သူဆီက နွေးထွေးတဲ့ ဆက်ဆံရေးမျိုး မရတတ်ကြပါဘူး။

ကိုယ့်အပေါ် အမြဲ အပြစ်မြင်ပြီး ကောင်းကောင်းမဆက်ဆံတဲ့ ချစ်သူနဲ့ လမ်းခွဲဖို့ တွေးသင့်တဲ့ အချက် (၇) ချက်ရှိပါတယ်။

၁။ ကိုယ့်ကိုကိုယ် ပိုချစ်မယ်

စိတ်ဆင်းရဲခံပြီး ကိုယ့်အပေါ် ကောင်းကောင်း မဆက်ဆံသူကို ချစ်ရမှာထက် ကိုယ့်ကိုကိုယ်သာ ပိုချစ်ပြလိုက်တော့မယ်။

၂။ သူငါ့ကို တစ်ချစ်ရင် ဒီလိုမလုပ်သင့်ဘူး

ကိုယ်ချစ်တဲ့သူကို အမြဲအပြစ်ရှာပြီး အော်ငေါက်နေတာမျိုး သူမလုပ်သင့်ဘူး။ တစ်ကယ်ချစ်ရင် တစ်ကယ်ရစ်တယ် ဆိုပေမယ့် ဒီလိုဆက်လုပ်နေရင် သူငါ့ကို တကယ်မချစ်တာပဲ။

၃။ တစ်သက်လုံး ဒီလို မနေနိုင်ဘူး

အကျင့်ဆိုတာ ဖျောက်ပစ်ရခက်တယ်မလား။ သူငါ့ကို အခုချိန်မှာ ဒီလိုဆက်ဆံရင် နောက်လည်း ဆက်ဆံနေဦးမှာပဲ။ တစ်သက်လုံးတော့ စိတ်ဆင်းရဲတာ မခံနိုင်ဘူး။

၎။ တစ်ယောက်တည်း ဘဝလည်း ကောင်းပါတယ်

တစ်ယောက်တည်း ဘဝလည်း ကောင်းတာတွေ အများကြီးပါ။ ကိုယ့်ကို အနိုင်ကျင့်နေသူနဲ့ နေရတာထက် တစ်ယောက်တည်း နေရတာအများကြီး ပိုကောင်းပါတယ်။

၅။ အနာဂတ်ကောင်းကေို မျှော်မယ်

ကိုယ့်မှာလည်း အလုပ်ရှိတယ်။ သူငယ်ချင်းကောင်းတစ်ချို့ရှိတယ်။ အရည်အချင်းတစ်ချို့ရှိတယ်။ ကိုယ့်အတွက် ကောင်းတဲ့အဖော်မွန်ဟာ တစ်နေ့တော့ ရောက်လာဦးမှာပဲ။

၆။ င့ါကို ဦးစားပေးသင့်တယ်

ချစ်သူကိုတော့ အခြားသူငယ်ချင်း မိတ်ဆွေတွေထက် ဦးစားပေးသင့်တယ်မလား။ ဘုရင်မတစ်ပါးလို ဆက်ဆံပေးဖို့ မလိုပေမယ့် အရေးကြီးကိစ္စတွေမှာ ကိုယ့်ရဲ့ ခံစားချက်ကို သူထည့်တွက်သင့်တာပေါ့။

၇။ ဖိအားတွေနဲ့ မနေချင်ဘူး

သူဒီလိုဆက်ဆံတာကို ခံနေရတာ ဖိအားများတယ်။ ပျော်ရတဲ့ ရက်ဟာလည်း ရှားလာတယ်။ ဒါကြောင့် ဖိအားတွေ ထပ်ဖြစ်မလာအောင် ကြိုးစားရမယ်။

Credit: Duwun

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top