iMyanmarHouse.com - Best Property Website for Myanmar
×

ငါးစားခြင်းက ကျန်းမာရေးအတွက် အရေးပါတဲ့ အစားအစာအဖြစ် ညွှန်းဆိုလေ့ရှိကြပေမဲ့ အသစ်ပြုလုပ်ခဲ့တဲ့ သုတေသနအရ ပင်လယ်ငါး အပါအဝင် ပင်လယ်စာတွေမှာ တိမ်မြုပ်ပါဝင်နေတတ်တဲ့ ညစ်ညမ်းတဲ့ အဆိပ်အတောက်တွေက ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက အစားအစာတွေမှာ ပါဝင်တဲ့ အဆိပ်အတောက် ဖြစ်စေတဲ့ ညစ်ညမ်းဓာတ်ပစ္စည်း ၃၇ မျိုးကို စမ်းသပ်လေ့လာခဲ့ကြပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ စမ်းသပ်လေ့လာမှုအရ အဆိုပါ အဆိပ်အတောက် ဓာတ်ပစ္စည်း ၃၇ မျိုးအနက် ထက်ဝက်နီးပါးမှာ ခန္ဓာကိုယ်ရဲ့ ခုခံနိုင်စွမ်းကို လျော့ကျစေတယ်လို့ သိရပါတယ်။

ပင်လယ်ငါးတွေမှာ ပါဝင်တတ်တဲ့ အဆိပ်အတောက်တွေက ခန္ဓာကိုယ် ခုခံအားစနစ်ကို လျော့နည်းစေပြီး ခုခံအားစနစ် ကောင်းမွန်စွာ မဖွံ့ဖြိုးသေးတဲ့ နှစ်နှစ်အရွယ်အထိ ကလေးငယ်တွေမှာ ပိုမို သက်ရောက်မှုရှိကြောင်း သုတေသနက ဆိုပါတယ်။ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေရဲ့ သုတေသန တွေ့ရှိချက်ကို Science Advances ဂျာနယ်မှာ ဖော်ပြထားကြောင်း သိရပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top