iMyanmarHouse.com - Best Property Website for Myanmar
×

မျက်နှာထားခပ်တင်းတင်းနဲ့ နေတက်သူတွေဟာ အများရဲ့ ထင်ကြေးအမျိုးမျိုး ပေးခြင်းကို ခံကြရတက်ပါတယ်။ ဒါပေမယ့် မျက်နှာတင်းသူတွေဟာ စိတ်ထားမကောင်းသူတွေ မဟုတ်ကြပါဘူး။

စူပုပ်နေတဲ့ မျက်နှာထား၊ ဒါမှမဟုတ် ခပ်တင်းတင်း မျက်နှာထားကို ပိုင်ဆိုင်ထားသူတွေအတွက် ကောင်းကျိုး (၇) ခုရှိပါတယ်။

၁။ မျက်နှာကြောတင်းတဲ့ သူတွေဘတ်စ်ကားစီးတဲ့အခါ ဘယ်သူမှ ဘေးမှာ လာမထိုင်ကြပါဘူး။ လွတ်လွတ်လပ်လပ် စီးခွင့်ရပါတယ်။

၂။ ရထားပေါ်မှာလည်း ကိုယ့်နားဘယ်သူမှ လာထိုင်ဖို့ မကြိုးစားပါဘူး။ ကောင်လေးတွေလည်း သင့်ကို မစရဲပါဘူး။

၃။ သင့်ဆီကို အကူအညီတောင်းသူတွေ ခဏခဏ လာမှာ မဟုတ်ပါဘူး။

၎။ အရမ်းခင်တဲ့သူက လွဲလို့ သင့်ဆီကို ပိုက်ဆံချေးဖို့ လာကြမှာ မဟုတ်ပါဘူး။

၅။ သင့်ကို သူတို့အဖွဲ့ထဲ အဖွဲ့ဝင်အဖြစ် လာဖို့ လည်း ခဏခဏ ခေါ်ကြမှာ မဟုတ်ပါဘူး။

၆။ သင်ပြန်မကြိုက်ချင်တဲ့သူ ချဉ်းကပ်ဖို့ ကြိုးစားနေရင် မျက်နှာကို တမင်လုပ်ပြီး တင်းထားစရာ မလိုတော့ပါဘူး။

၇။ ကိုယ်ရဲ့ ခံစားချက်ကို လူတွေလွယ်လွယ်မသိနိုင်တော့ဘူး။ သင် ဝမ်းနည်းနေသည်ဖြစ်စေ၊ ပျော်နေသည်ဖြစ်စေ သင့်ရဲ့ခံစားချက်ကို လူတွေလွယ်လွယ်နဲ့ မသိနိုင်တော့ပါဘူး။

Credit : Duwun
 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top