iMyanmarHouse.com - Best Property Website for Myanmar
×

ဒုတိယမြောက်သားဖြစ်သူကို ကိုယ်ဝန်ဆောင်ထားစဉ်ကတည်းက  ဇာတ်ကားရိုက်ကူးမှုများ  ရပ်နားထားသည့်အိန္ဒြာကျော်ဇင်က ပြီးခဲ့သည့်လတွင် ပြေတီဦး၊  ထွန်းအိန္ဒြာဗိုတို့နှင့်အတူ ‘ရင်ဘတ်ထဲကဓား’ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့သည်။ ထို့အပြင် ယခုနှစ် မန္တလေးသင်္ကြန်တွင်လည်း ‘နှင်းဆီပန်သူမမစိမ်း’ ရုပ်ရှင်ဇာတ်ကားအတွက် သင်္ကြန်ဇာတ်ဝင်ခန်းများကို မန္တလေး၌ သွားရောက်ရိုက်ကူးခဲ့သည်။ ထို့ကြောင့် ကားရိုက် အတန်ကြာရပ်နားထားရာမှ အနုပညာလှုပ်ရှားမှုများ ပြန်လည်ပြုလုပ်လာသည့် အိန္ဒြာကျော်ဇင်ကို ၎င်း၏အနုပညာလှုပ် ရှားမှုများ အကြောင်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ဇာတ်ကားရိုက်ကူးမှုတွေ နားထားမှ ပထမဆုံးပြန်ရိုက်တဲ့ ‘ရင်ဘတ်ထဲကဓား’ရုပ်ရှင်မှာ သရုပ်ဆောင် ရတဲ့ ဇာတ်ရုပ်က လုပ်ကွက်လည်း ရတာဆိုတော့ ဘယ်လောက်ပင် ပင်ပန်းပန်းလုပ်ခဲ့ရသလဲ။

အဲဒီဇာတ်ကားက စိတ်ကိုနှစ်ပြီး လုပ်ရတယ်။ Mood ကို ညာလို့ မရဘူး။ နောက်ပြီး ကိုဝိုင်းက လည်း အိုက်တင်ကို သူမကြိုက် မချင်း ခိုင်းတယ်။ အဲဒီကားပြီးသွားတဲ့အချိန်မှာ အရမ်းအားရခဲ့တယ်။ ရိုက်တဲ့အချိန်မှာလည်း တကယ့် ကိုခံစားပြီး ရန်ဖြစ်တဲ့အခန်းတွေ၊ နောက်ပြီး ဇာတ်သိမ်းပိုင်းမှာ လည်း စိတ်တွေနှစ်ပြီးလုပ်ခဲ့တဲ့အ တွက် ရင်တွေတုန်ပြီး ကျန်ခဲ့ တယ်။ အဲဒီလောက်ထိ စိတ်နှစ်ပြီး ကြိုးစားပြီး လုပ်ခဲ့ပါတယ်။

ဒီဇာတ်ကားက ရိုက်ကူးရေးတွေ နားပြီးမှ ပြန်ရိုက်ရတာဆိုတော့ သရုပ်ဆောင်ရတဲ့အပိုင်းမှာကော ဘယ်လိုအခက်အခဲတွေရှိခဲ့သလဲ။

လုပ်ရတာပိုကောင်းသွား တယ်။ အစ်မအနေနဲ့ဆိုရင် ဇာတ် ကားတွေ ဆက်တိုက်ရိုက်နေရင် အိုက်တင်ညောင်းသွားသလိုခံစား ရတယ်။ အသစ်ဆိုတာထွက်မလာတော့ဘူး။ ပြီးတော့ အစ်မသဘောကျတာက နားပြီးပြန်ရိုက်ရတဲ့အခါမှာ Mood တွေက အင်နဲ့အားနဲ့ အသစ်တွေထွက်တယ်။ Mood ထည့်ရတာလည်း ပိုကောင်းတယ်။ တောက်လျှောက်ကြီးရိုက်နေရင် ကိုယ်ကပင်ပန်းနေတာရော Mood ထည့်ဖို့အားမရှိသလိုဖြစ်တယ်။ ဇာတ်လမ်းဇာတ်ကွက်နဲ့လည်း ဆိုင်ပါတယ်။ ဒီဇာတ်ကောင်ကို ကိုယ်ကအရမ်းခံစားပြီး ရိုက်တဲ့အတွက် Mood ကို အပြည့်အဝလုပ်နိုင်တယ်။

‘ရင်ဘတ်ထဲကဓား’ ရုပ်ရှင်နဲ့ပတ် သက်ပြီး ပရိသတ်တွေကို ဘာပြောချင်တာမျိုးရှိသလဲ။

ဒီကားကို အစ်မ အများကြီး ကြိုးစားပြီးလုပ်ခဲ့တယ်။ အစ်မကို ချစ်တဲ့ပရိသတ်တွေ တော်တော် များများကတော့ ဒီဇာတ်ကို ဝတ္ထု လည်းဖတ်ပြီးကြပြီ။ ဆရာမ လမင်းမိုမိုရဲ့ ဝတ္ထုကလည်း နာမည်ကြီး ဝတ္ထုကောင်းလည်းကောင်း ထားပြီးသားဆိုတော့ ဒီဇာတ်ကို အကုန်လုံးလည်း သိထားပြီးသား။ ကိုယ်ရိုက်လိုက်တဲ့အချိန်မှာလည်း သူတို့က ကြည့်ချင်နေကြတယ်။ အစ်မကလည်း ပရိသတ်အတွက် ဒီကားမှာ အများကြီးကြိုးစားထားပါတယ်။

အစ်မကို ပရိသတ်တွေက ဇာတ် ကားတွေရိုက်စေချင်ကြတာဆို တော့ ကလေးနှစ်ယောက်ရဲ့ မိခင် တစ်ယောက်အနေနဲ့ ရှေ့ဆက်ပြီး ဇာတ်ကားတွေရိုက်ဖို့ ဘယ်လို စီစဉ်ထားသလဲ။

အနုပညာအလုပ်လုပ်မယ် ဆိုရင် ဒီဘက်က မိဘရဲ့တာဝန်က နည်းနည်းတော့လျော့မှာပဲ။ ကိုယ် ရိုက်နေတဲ့အချိန်မှာ ကလေးတွေ ကို ကြည့်ရှုစောင့်ရှောက်တဲ့ တာဝန်က ဘယ်လိုပဲဖြစ်ဖြစ် အနည်းနဲ့အများ လျော့တော့ လျော့ မှာပဲ။ အဲဒီတော့ လုပ်ပြီဟေ့ဆိုရင် ကျတော့ သဘောအားဖြင့် ‘ရင်ဘတ်ထဲကဓား’ရိုက်တဲ့အချိန်မှာ ကလေးတွေကို မေ့ကိုမေ့ထားရတယ်။ ကလေးတွေကို စိတ်ထဲထည့်လိုက်ပြီဆိုရင် ဇာတ်ကောင်ရဲ့ Mood ဘယ်လိုမှ အပြည့်အဝ မထည့်နိုင်တော့ဘူး။ ရိုက်နေတဲ့ အချိန်မှာတော့ ကလေးတွေကို ခေါင်းထဲမှာ ထည့်လို့မရဘူးဆို တော့ အလုပ်ကို နှစ်ဖက်ညှိပြီး အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ် အောင်တော့ လုပ်ရမှာပေါ့။

လတ်တလောအနေနဲ့ ဘာဇာတ် ကားတွေ ရိုက်ဖို့လက်ခံထားတာရှိ မလဲ။

အခုသင်္ကြန်မှာ ‘နှင်းဆီပန်သူ မမစိမ်း’ဇာတ်ကားရိုက်ခဲ့တယ်။ ဒါရိုက်တာ ဦးဟိန်းစိုး။ အဲဒီဇာတ် ကားက အရင်က အန်တီခင်သန်းနု နဲ့ ဦးဇင်ဝိုင်းရိုက်ခဲ့တဲ့ကားပေါ့။ အခု အစ်မက အန်တီခင်သန်းနု နေရာ၊ မမစိမ်းနေရာမှာ သရုပ် ဆောင်ရမှာ။ အဲဒီဇာတ်ကားမှာက မန္တလေးသူ၊ သူ့မှာ နှလုံးရောဂါရှိ တယ်။ နောက်ဆုံး Heart Attack နဲ့ ဆုံးသွားတာ။ အဲဒီဇာတ်ကားကို ရီမြင့်ထုတ်လုပ်ရေးက ရိုက်မှာ။

မမစိမ်းဇာတ်ရုပ်အတွက်ကော ဘာတွေပြင်ဆင်ထားသလဲ။ သင်္ကြန်အစစ်မှာ ရိုက်မယ့်အပေါ် ခံစားမှုလေးလည်း ပြောပေးပါဦး။

သူကတော့ အများကြီးထူး ထူးခြားခြားပြင်ဆင်စရာတော့ မရှိ ပါဘူး။ ဒါပေမဲ့ သင်္ကြန်အငွေ့အ သက်တွေနဲ့ တကယ့် ဂန္ထဝင် မြောက်တဲ့ ဇာတ်ကားမျိုးရိုက်ဖို့ လုပ်ထားတယ်။ အစ်မနေရာက မမနေရာဆိုတော့ အဝတ်အစား တွေ ပြင်ဆင်ထားတယ်။ သင်္ကြန် မှာ နှစ်ရက်ရိုက်မယ်။ သင်္ကြန်မှာ ရိုက်ရတာက ရိုးရိုးအချိန်မဟုတ် တဲ့အတွက် ရိုက်ရတဲ့ ရိုက်ကွင်း ရိုက်ကွက်တွေက နည်းနည်းတော့ ခက်ခဲမှာပေါ့။ ဒါပေမဲ့ မရိုက်လို့က လည်းမဖြစ်ဘူးဆိုတော့ အတတ် နိုင်ဆုံး ကြိုးစားပြီးရိုက်ရမှာပေါ့။

အကယ်ဒမီပွဲတက်တုန်းက မကြီး စိုးတို့ မဒါဒါတို့က အစ်မကို အလှ ဆုံးလို့ပြောထားကြတယ်။ နောက်ပြီး အစ်မကို ဘယ်အချိန်ကြည့်ကြည့် ဒီပုံစံပဲဆိုတော့ ခန္ဓာကိုယ်ပိုင်းကိုကော ဘယ်လိုထိန်း ဖြစ်သလဲ။

အဲဒါကတော့ တကူးတက ကြီးထိန်းတာတော့ မရှိပါဘူး။ ကြားထဲမှာ ဒီကားပြန်ရိုက်လိုက် တော့ ဝိတ်ပိုကျသွားတာလည်းပါ တယ်။ ပုံမှန်ကတော့ Family မှာ တစ်နာရီလောက် အမြဲတမ်း ကစားတယ်။ ပြေးတယ်။ ညစာ လေးလျှော့စား ဒီလောက်ပါပဲ။ အစ်မအစားကိုတော့ Diet အများ ကြီးမလုပ်ဘူး။ Body က မျိုးရိုး လိုက်တယ်ပဲ ပြောရမှာ။ အရမ်း ကြီးဝမသွားတာ။ အစ်မအမေ လည်း အရမ်းကြီးမဝဘူး။ အဲဒီလို ကြောင့်ပဲထင်ပါတယ်။ လှတာက တော့ မကြီးစိုးတို့၊ ဒါဒါတို့ပြော တယ်ဆိုတာ အမှန်က ကိုယ်လှ တယ်ဆိုတာက သူတို့အိပ်နေ သလောက်ပဲ ရှိပါတယ်လို့။

အစ်မကို အခုအချိန်အထိ အားပေးနေတဲ့ ပရိသတ်တွေအတွက် လည်း စကားလက်ဆောင်လေး ပြောပေးပါဦး။

ပရိသတ်အတွက် အများကြီး ကြိုးစားပါမယ်။ ချစ်တဲ့ပရိသတ် အတွက် တာဝန်မကျေနိုင်သေးတဲ့ အတွက် အများကြီးတောင်းပန်ပါ တယ်လို့ ပြောချင်ပါတယ်။

Credit: 7 Day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top