iMyanmarHouse.com - Best Property Website for Myanmar
×

စိတ်ဓာတ်ကျခြင်း သက်သာပျောက်ကင်းစေရန် ကုသမှုခံယူ ခြင်းနှင့် ဗီတာမင်ဒီပါဝင်မှု အားကောင်းအောင် လုပ်ဆောင်ခြင်းဖြင့်  နှလုံးကျန်းမာရေးအခြေအနေ တိုးတက်လာနိုင်ကြောင်း လေ့လာမှု အသစ်တစ်ခုက ဖော်ပြသည်။

ယင်းလေ့လာတွေ့ရှိချက်များသည် ချီကာဂိုမြို့တွင် ကျင်းပခဲ့ သော အမေရိကန်နှလုံးရောဂါလေ့လာရေးကောလိပ်၏ ညီလာခံ၌ တင်ပြခဲ့သော လေ့လာမှုနှစ်ခု၌ ပါဝင်သည်။

ပထမလေ့လာမှုက နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် သေဆုံးနိုင် ခြင်းတို့အတွက် အန္တရာယ်တစ်ခုဖြစ်သော စိတ်ဓာတ်ကျခြင်းကို အဓိကလေ့လာထားခြင်းဖြစ်သည်။

ဆော့လ်လိတ်စီးတီးမြို့ရှိ နှလုံးရောဂါကုသရေးအဖွဲ့မှ သုတေ သီများက လူပေါင်း ၇,၅၀၀ ကျော်ကို လေ့လာရာတွင် စိတ်ဓာတ်ကျ နေသူများသည် အစွမ်းထက်သော ကုသမှုခံယူပါက စိတ်ဓာတ်ကျ ခြင်းမရှိသော လူများနည်းတူ နှလုံးထိခိုက်မှုအန္တရာယ် လျှော့ပါးနိုင် ကြောင်း လေ့လာတွေ့ရှိခဲ့သည်။

သို့သော် စိတ်ဓာတ်ကျခြင်းဆက်လက်ဖြစ်ပေါ်နေသူများသည် စိတ်ဓာတ်မကျသူများနှင့် နှိုင်းယှဉ်ပါက နှလုံးပြဿနာဖြစ်ပေါ်လာ နိုင်သည့် အန္တရာယ်ပိုမြင့်မားကြောင်း သုတေသီများက ပြောသည်။

စိတ်ဓာတ်ကျခြင်းကို မကုသဘဲထားပါက နှလုံးရောဂါဖြစ်နိုင် သည့်အန္တရာယ် သိသိသာသာ ပိုများလာကြောင်း နှလုံးရောဂါအထူးကုဆရာဝန် ဟိုင်ဒီမေက ပြောကြားသည်။

ဒုတိယလေ့လာမှုက ခန္ဓာကိုယ်တွင် ဗီတာမင်ဒီပါဝင်မှု ပမာဏကို လေ့လာထားခြင်းဖြစ်သည်။ ဗီတာမင်ဒီပမာဏနည်းပါးလွန်းသူ များသည် နှလုံးရောဂါ၊ လေဖြတ်ခြင်း (သို့) သေဆုံးနိုင်ဖွယ်ရှိ သည်။

လေ့လာမှုတွင်ပါဝင်သော အသက် (၅၂) နှစ်အရွယ်မှ (၇၆) နှစ်အရွယ် လူပေါင်း ၄,၂၀၀ ခန့်အနက် ၇၀ ရာခိုင်နှုန်းသည် နှလုံး သွေးကြောဆိုင်ရာရောဂါရှိသူများဖြစ်ပြီး လေးပုံတစ်ပုံသည် ဆီးချို ရောဂါရှိသူများဖြစ်သည်။

ဗီတာမင်ဒီပမာဏလျော့နည်းလွန်းသူများသည် နှလုံးရောဂါ  ပိုမိုဆိုးရွားလာနိုင်သည်ကို လေ့လာတွေ့ရှိခဲ့ကြောင်း သုတေသီများက ပြောသည်။ 

Credit: 7 Day Daily

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top