iMyanmarHouse.com - Best Property Website for Myanmar
×

၁ - ရှင်းလင်းရေး

ရုံးရောက်ရောက်ချင်း အရင်ဆုံး ကိုယ့်ရဲ့ အလုပ်ခုံကိုရှင်းပါ။ ဖိုင်တွေ၊ စာရွက်စာတမ်းတွေ စတဲ့ ရှုပ်ပွနေတာတွေကို ရှင်းပါ။

၂ - ပြက္ခဒိန်

ရှေ့လာမယ့်ရက်တွေမှာ ဘာတွေလုပ်စရာရှိမလဲ ပြက္ခဒိန်ကို စစ်ပါ။ အရေးကြီးအီးမေးလ် ဘာရှိထားလဲဆိုတာလည်း စစ်ပါ။

၃ - ဦးစားပေးစာရင်းလုပ်ပါ

အားလပ်ရက်မယူခင်က လုပ်ဖို့ရှိတာတွေ၊ လုပ်ဖို့တွေးထားတာတွေ ပြန်စဉ်းစားပါ။ နောက်တော့အရင်ဆုံးဦးစားပေးလုပ်ရမယ့်အရာငါးခုလောက်ကို စာရင်းချရေးလိုက်ပါ။ ဒီလို ဦးစားပေးစားရင်းလုပ်လိုက်တာဟာ အလုပ်တွေဝေးပြီး ပြန်ထိတွေ့ရတဲ့အခါ ဖြစ်ပေါ်တဲ့ ထိုင်းမှိုင်းမှုကို ပျောက်စေပါတယ်။

၎ - တစ်ကြိမ်မှာ တစ်ခု

အလုပ်လုပ်တဲ့အခါမှာ တစ်ခုချင်းလုပ်ပါ။ အလုပ်စတက်တဲ့နေ့မို့ လုပ်စရာတွေများနေတတ်ပါတယ်။ ဒါပေမဲ့ တစ်ခုချင်းလုပ်ပါ။

၅ - စိတ်ပြန့်လွင့်မယ့်အရာတွေ

ပထမဆုံး အလုပ်ပြန်လုပ်ရတဲ့အချိန်မှာ စိတ်က ထိုင်းမှိုင်းနေတတ်ပါတယ်။ ဒီအချိန်မှာ အာရုံပြန့်တာတွေ များနေရင် ပိုထိုင်းမှိုင်းလာတတ်ပါတယ်။ အလုပ်လုပ်ရင်း ဖေ့စ်ဘွတ်သုံးတာ၊ သီချင်းနားထောင်တာတွေ ခဏနားထားသင့်ပါတယ်။ မနက်ပိုင်းမှာ ပိုအရေးကြီးပါတယ်။

၆ - အလုပ်ဆင်းချိန်

အလုပ်ဆင်းချိန်မှာ နောက်ကျမှ ဆင်းတာမျိုးမလုပ်ပါနဲ့။ အလုပ်ပြန်တက်ရတဲ့အချိန်မို့ လုပ်စရာတွေ များနေနိုင်ပေမဲ့ အလုပ်ဆင်းတဲ့အခါမှာ ပုံမှန်အချိန်မှာပဲ ဆင်းပါ။

၇ - လုပ်ရမယ့်အချိန်

အလုပ်ပြန်တက်တဲ့ ရက်သတ္တပတ်ရဲ့ အလယ်ရက်တွေမှာ ပြင်းပြင်းထန်ထန်လုပ်ပါ။ ဗုဒ္ဓဟူး၊ ကြာသာပတေးရက်တွေ ဖြစ်ပါတယ်။

Credit : Duwun


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top