iMyanmarHouse.com - Best Property Website for Myanmar
×

သင့်ချစ်သူက သင့်ကို ချစ်ကောင်းချစ်ပါလိမ့်မယ်။ ဒါပေမဲ့ သူဘယ်လိုမှ ခွင့်မလွှတ်နိုင်တဲ့ အမှားတစ်ခုကို ကျူးလွန်မိပြီဆိုရင်တော့ သင်တို့ရဲ့အချစ်ရေးမှာ ကြီးမားတဲ့ အက်ကြောင်းထင်သွားပါလိမ့်မယ်။

၁။ ရာဇသံပေးခြင်း

ငါ့ကို ဖြတ်မလား၊ သူငယ်ချင်းကို ဖြတ်မလားဆိုတာမျိုး သူ့သူငယ်ချင်း၊ မိသားစု ဒါမှမဟုတ် သူ့ဘဝထဲက အရာတစ်ခုခုနဲ့ နှိုင်းယှဉ်ရွေးခိုင်းတာမျိုး မလုပ်မိပါစေနဲ့။

၂။ သူ့ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်ပြီး ခိုးကြောင်ခိုးဝှက်ကြည့်ရှုစစ်ဆေးခြင်း

သူ့ဖုန်း၊ သူ့ရဲ့အင်တာနက် History ဒါမှမဟုတ် ဖေ့စ်ဘွတ်တို့ကို ခိုးပြီး စစ်ဆေးတယ်ဆိုတာ သူ့ကို မယုံကြည်လို့ပါ။ ဒါကို သူသိသွားရင် သင့်အပေါ် ယုံကြည်လေးစားမှု ပျောက်ဆုံးသွားပါလိမ့်မယ်။ အချစ်ရေးခိုင်မြဲဖို့အတွက်က ယုံကြည်မှုက အခြေခံအုတ်မြစ်ပါ။

၃။ သစ္စာဖောက်ခြင်း

စိတ်နဲ့ပဲဖြစ်ဖြစ် အမှန်တကယ်ပဲဖြစ်ဖြစ် ဖောက်ပြန်တာဟာ ဖောက်ပြန်တာပါပဲ။ ဒါဟာ ကိုယ့်ချစ်သူကို မလေးမစားလုပ်လိုက်တာပါ။ ဖောက်ပြန်တယ်ဆိုတာ သစ္စာဖောက်ခြင်းထဲမှာ အဆိုးရွားဆုံး ဖြစ်တဲ့အတွက် သင်တောင်းပန်သည့်တိုင် သင်တို့ရဲ့ ဆက်ဆံရေးက ဘယ်လိုမှ အကောင်းအတိုင်း မဖြစ်နိုင်တော့ပါဘူး။

၎။ ခဏလောက် ဝေးဝေးနေဖို့ တောင်းဆိုခြင်း

သင့်ဘက်က တကယ့်ကို တစ်ယောက်တည်းနေဖို့ လိုအပ်တာ ဖြစ်နိုင်ပါတယ်။ သင့်စိတ်တွေ အေးချမ်းမှ သူ့ရင်ခွင်ကို ပြန်ဝင်မယ်ပေါ့။ ဒါပေမဲ့ အဲဒီအချိန်မှာ သူ့ဘက်က သင်မရှိတဲ့ဘဝမှာ ပိုပြီး ပျော်မွေ့သွားနိုင်ပါတယ်။

၅။ သူ့အချစ်ကို စမ်းသပ်ခြင်း

လူတစ်ယောက် သင့်ကို တကယ်ချစ်မချစ် သိဖို့အတွက် သူ့အချစ်ကို စမ်းသပ်သင့်တယ် ထင်လား။ အဲဒီလိုထင်တယ်ဆိုရင် မှားပါတယ်။ သင်ကလွဲလို့ သူဘယ်သူ့ကိုမှ မချစ်ဘူးဆိုတဲ့ သင့်ရဲ့အတ္တကို အရောင်တင်ဖို့အတွက် သူများကို သွားပြီး အာရုံမနောက်သင့်ပါဘူး။ သူ သင့်ကို တကယ်ချစ်တာမှန်ရင် သင့်စိတ်က အလိုလိုသိပါတယ်။ အဲဒီလို ကစားနည်းတွေကို လုပ်မှဖြစ်မယ်လို့ သင်ထင်ရင်တော့ သင်ဟာ စစ်မှန်တဲ့ အချစ်ရေးထက် စိတ်ပျက်စရာဇာတ်လမ်းတွေကို ပိုနှစ်သက်တဲ့သူ ဖြစ်နေပါပြီ။

၆။ အချိန်ပြည့် ဆက်သွယ်နေချင်ခြင်း

ချစ်သူဆိုတာ တစ်ချိန်လုံး ဖုန်းဆက်၊ စာတွေပို့နေရမယ်ဆိုတဲ့ အယူအဆလောက် အဓိပ္ပာယ်မရှိတာ မရှိပါဘူး။ နှစ်ယောက်စလုံးမှာ ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်အချိန်တွေ ရှိသင့်ပါတယ်။

၇။ သူ့ရဲ့အတိတ်ကို မမေ့နိုင်ခြင်း

သူ့ရဲ့ အချစ်ဇာတ်လမ်းတွေက သင့်ထက် များကောင်း များခဲ့မယ်။ ဘာပဲဖြစ်ဖြစ် အတိတ်ဆိုတာ အတိတ်မှာပဲ ထားခဲ့သင့်ပါတယ်။ အခု သူက သင့်ကိုချစ်လို့ သင်နဲ့အတူ ရှိနေပြီပဲ။ သင် သူ့ဘဝထဲကို ရောက်မလာခင်က အတိတ်ကို သင်မမေ့နိုင်ဘူးဆိုရင် သင်တို့နှစ်ယောက်ရဲ့ အနာဂတ်ကို လက်လွှတ်ရပါလိမ့်မယ်။

၈။ ရည်းစားဟောင်းနဲ့ ကင်းကင်းရှင်းရှင်းမရှိခြင်း

တစ်ချိန်က သင်တို့ဟာ ချစ်သူတွေဖြစ်ခဲ့ပေမဲ့ အခုချိန်မှာ ကိုယ့်လမ်းကိုယ် လျှောက်သင့်ပါပြီ။ သူငယ်ချင်းလို ဆက်ခင်နေတာတို့၊ သူ့ရဲ့ အခုဇာတ်လမ်းတွေကို စိတ်ဝင်စားနေတာတို့ မရှိသင့်တော့ပါဘူး။ သင်အဲဒီလိုလုပ်ရင် သင့်ချစ်သူ ဘယ်လိုခံစားရမယ်ဆိုတာ ကိုယ်ချင်းစာစိတ်လေးထားပြီး စဉ်းစားသင့်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top