iMyanmarHouse.com - Best Property Website for Myanmar
×

ခန္ဓာကိုယ်အလေးချိန် လျှော့ချနေသူတွေအတွက် အိပ်စက်ခြင်းဟာလည်း  အရေးပါလှပါတယ်။ ကိုယ်အလေးချိန် တက်လာခြင်း ရှိ၊ မရှိဆိုတာဟာ အိပ်စက်ခြင်းနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့အရာပါ။ တချို့က ဝိတ်ချပြီး အစားရှောင်နေတဲ့ အချိန်ဆို အိပ်မပျော်တာမျိုး၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မရတာမျိုး ဖြစ်လေ့ရှိပါတယ်။

ဝိတ်လည်းကျစေသလို နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်စေတဲ့ အစားအသောက်တွေရှိပါတယ်။ အိန္ဒိယနိုင်ငံ ပါဂျူးတက္ကသိုလ်က အာဟာရဆိုင်ရာပါမောက္ခ ဝိန်းကမ့်ဘဲလ်ရဲ့ လေ့လာချက်အရ ဝိတ်ချနေသူတွေဟာ အသားဓာတ်(ပရိုတိန်း) ကြွယ်ဝတဲ့ အစားအသောက် များများစားပေးဖို့ တယ်လို့ ဆိုပါတယ်။


ပဲအမျိုးမျိုး၊ ငါးတွေနဲ့ ပဲနို့ရည်၊ အမဲသား စတဲ့အစားအသောက်တွေဟာ ဝိတ်ကျဖို့အတွက် အထောက်အကူ ဖြစ်စေပြီး ကောင်းမွန်စွာ အိပ်စက်နိုင်ရေးကိုလည်း အကူအညီပေးကြောင်း သုတေသနတစ်ခုရဲ့ ရလဒ်က ညွှန်းဆိုထားပါတယ်။ ကောင်းမွန်စွာ အိပ်စက်မရခြင်းဟာ လူကိုပိုပြီးဝဖြိုးစေတယ်ဆိုတဲ့အချက်ကြောင့် ဝိတ်ချနေချိန်မှာ ကောင်းကောင်း အိပ်နိုင်ဖို့ လိုပါတယ်။
ပရိုတိန်းဓာတ်များများရခြင်းဟာ သွေးထဲကသကြားဓာတ်နဲ့ အမီနိုအက်ဆစ်ဓာတ်ကို ပြောင်းလဲစေပြီး ကောင်းမွန်စွာ အိပ်စက်ရတဲ့ အခြေအနေကို ရောက်သွားစေပါတယ်။

 Credit : Duwun

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top