iMyanmarHouse.com - Best Property Website for Myanmar
×

 တောင်ကိုရီးယား ယောက်ျားလေးအဆိုရှင်များအ ဖွဲ့ 2AMမှ အဖွဲ့ဝင်ဂျောင်ဂျင်ဝန်း သည် လာမည့်မေလတွင် တစ် ကိုယ်တော်တေးဂီတ လှုပ်ရှားမှု များ ပြန်လည်စတင်နိုင်ရန် ပြင် ဆင်နေသည်။

ဂျောင်ဂျင်ဝန်းသည် ပြီးခဲ့ သည့် ဒီဇင်ဘာတွင် Madame Antoine ဒရာမာဇာတ်လမ်းတွဲ၌ ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် တေးအယ်လ်ဘမ်သစ် ထွက်ရှိရန် ကြိုးပမ်းနေသည်။

ဂျင်ဝန်းသည် ၂၀၁၁ တွင် Now or Never အမည်ရ တေး အယ်လ်ဘမ်ထွက်ရှိပြီး နောက် လေးနှစ်အကြာတွင် ပထမဆုံး တစ်ကိုယ်တော် တေးအယ်လ်ဘမ် ထွက်ရှိရန် ပြင်ဆင်နေခြင်းဖြစ် သည်။

ဂျင်ဝန်းသည် အေဂျင်စီသစ် Mystic Entertainment ၌ အဆိုတော်တစ်ဦးအဖြစ်တက်ကြွ လှုပ်ရှားလျက်ရှိသော်လည်း တေး အယ်လ်ဘမ် ထွက်ရှိခြင်းမရှိသေး ပေ။ ၎င်းသည် JYP Entertain- ment အေဂျင်စီမှ ထွက်ခွာပြီး နောက် Mystic Entertainment အေဂျင်စီနှင့် ပထမဆုံးတေး အယ်လ်ဘမ်ထွက်ရှိရန် ပြင်ဆင် ခြင်းဖြစ်သည်။

‘‘ဂျောင်ဂျင်ဝန်းဟာ အသံ သွင်းမှုတွေစတင်နေပါပြီ။ အရင် က ဧပြီမှာ တေးအယ်လ်ဘမ်ထွက် ဖို့ စီစဉ်နေခဲ့တာပါ။ ဒါပေမဲ့ ပရိ သတ်တွေကို ပြည့်စုံကောင်းမွန်တဲ့ တေးအယ်လ်ဘမ်ထွက်ရှိမှုကို နောက်ဆုတ်လိုက်တာပါ။ သူ့ရဲ့ တေးအယ်လ်ဘမ်အားလုံး အ ဆင်သင့်ဖြစ်သွားတဲ့အခါကျရင် အယ်လ်ဘမ်ထွက်မယ့်နေ့ကို အ တည်ပြုနိုင်မှာပါ’’ဟု အေဂျင်စီ တာဝန်ရှိသူများကပြောကြား သည်။ 

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top