iMyanmarHouse.com - Best Property Website for Myanmar
×

သွေးအားနည်းလာပြီဆိုရင် ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့ အားနည်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရူမ၀ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အသားအရေ ဖြူဖပ်ဖြူရော်ဖြစ်ခြင်း၊ ခြေဖျားလက်ဖျားများ အေးစက်ခြင်း၊ မူးဝေခြင်း၊ လက်သည်း ခြေသည်းများ ကြွပ်ဆတ်ခြင်း စသည်တို့ ဖြစ်ကြပါတယ်။

သွေးအားနည်းခြင်းကို တိုက်ထုတ်နိုင်တဲ့ ထိပ်တန်း အစားအစာတွေ ကတော့-

၁။ ဟင်းနုနွယ်-ဟင်းနုနွယ်ကို အစိမ်းရောင် ဟင်းသီး ဟင်းရွက်တွေဖြစ်တဲ့ တရုတ်နံနံ၊ ပန်းဂေါ်ဖီစိမ်း စသည်တို့နှင့် တစ်နေ့လျှင် တစ်ပန်းကန်နှုန်း တွဲဖက် စားသုံးပေးသင့်ပါတယ်။ (သို့မဟုတ်) ဟင်းနုနွယ်ရွက်တွေကို ရေတစ်ခွက်နှင့်ပြုတ်ပြီး ဟင်းခတ် အမွှေးအကြိုင်များ ထည့်ကာ စွပ်ပြုတ်အဖြစ် သုံးဆောင်နိုင်ပါတယ်။ တစ်နေ့လျှင် နှစ်ခွက်သောက်ပါ။

၂။ အနီရောင်အသား – သံဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ သိုးသား၊ အမဲသား စတဲ့ အနီရောင် အသားများက သွေးအားနည်းခြင်းကို ကုသပေးပါတယ်။ ၎င်းအသားတွေရဲ့ နှလုံး၊ အသည်း၊ ကျောက်ကပ် စတဲ့ အစိတ်အပိုင်းတွေက သံဓာတ်ပိုကြွယ်ဝပါတယ်။ ကြက်သား (သို့) ၀က်သား (သို့) အမဲသားကို တစ်ပတ်လျှင် နှစ်ကြိမ်မှ သုံးကြိမ်စားပါ။ ကြက်အသည်းအမြစ် (သို့) အမဲအသည်းတို့ကို နေ့စဉ် အစားအစာထဲတွင် ထည့်သွင်းစားပါ။

၃။ ခရမ်းချဉ်သီး – သံဓာတ်ကို လုံလောက်စွာ စုပ်ယူနိုင်ဖို့ အတွက် နေ့စဉ် ခရမ်းချဉ်သီး တစ်လုံး (သို့) နှစ်လုံး အစိမ်းစားပါ။ (သို့မဟုတ်) ခရမ်းချဉ်သီးကို ဖျော်ရည် လုပ်သောက်ပြီး တစ်နေ့လျှင် တစ်ဖန်ခွက် သောက်သုံးနိုင်ပါတယ်။

၎။ ကြက်ဥ – သင့်ရဲ့ မနက်စာမှာ ကြက်ဥပြုတ် တစ်လုံးထည့်စားခြင်း ဖြင့် သွေးအားနည်းရောဂါကို တိုက်ထုတ် နိုင်ပါတယ်။

၅။ သလဲသီး – သလဲသီးက အရသာ ရှိတဲ့အပြင် သံဓာတ်နှင့် vitamin-C ကြွယ်ဝပါတယ်။ ၄င်းက သွေးအားနည်းခြင်း လက္ခဏာတွေဖြစ်တဲ့ မူးဝေခြင်း၊ မောပန်းခြင်း၊ အားနည်းခြင်းတွေကိုပါ သက်သာစေပါတယ်။ တစ်နေ့လျှင် သလဲသီး တစ်လုံးစားပါ။ (သို့မဟုတ်) အစေ့ပါရောကြိတ်ပြီး ဖျော်ထားတဲ့ သလဲသီး ဖျော်ရည်ကို တစ်နေ့လျှင် တစ်ဖန်ခွက် သောက်ပါ။

၆။ ပဲပိစပ် – ပဲတွေမှာ သံဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ ပဲပိစပ်မှာတော့ အများဆုံး ပါဝင်တယ်လို့ ဆိုပါတယ်။ ပဲပိစပ်ကို စားသုံးတဲ့အခါ ရှေးဦးစွာ ပဲတွေမှာပါတဲ့ phythic acid ကို ဖယ်ထုတ်ဖို့ ပဲပိစပ်ကို ရေနွေးထဲမှာ တစ်ညစိမ်ထားပါ။ ထို့နောက်တွင် တခြား အစားအစာများနှင့် တွဲဖက်ကာ ပဲပိစပ်ပြုတ် ခွက်တစ်ဝက်ကို နေ့စဉ် စားသုံးပေးနိုင်ပါတယ်။

၇။ ပင်လယ်စာ – တူနာငါး၊ ဆယ်လမွန်ငါးတို့လို ပင်လယ်ငါးတွေနဲ့ အခြားသော ပင်လယ်စာတွေဖြစ်တဲ့ ခုံးကောင်၊ ကမာကောင် စသည်တို့မှာ သံဓာတ်များစွာ ပါဝင်ပါတယ်။ သွေးအားနည်းခြင်းကို ကာကွယ်ဖို့ တစ်ပတ်လျှင် သုံးကြိမ် ပင်လယ်စာစားပါ။ သွေးအားနည်းခြင်းကို ကာကွယ်တဲ့ အခြား အစားအစာတွေ ကတော့ – ပန်းသီး၊ စွံပလွန်သီး၊ မက်မွန်သီး၊ မက်မန်းသီး၊ စပျစ်ခြောက်၊ ပျားရည်၊ ခွံမာသီး၊ ဂျုံကြမ်းပေါင်မုန့် ၊ မြေပဲထောပတ်နှင့် သကြား မုန်လာတို့ ဖြစ်ကြပါတယ်။

Credit: messenger

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top