iMyanmarHouse.com - Best Property Website for Myanmar
×

အမာရွတ်တွေဟာ ကျွန်ုပ်တို့ဘဝမှာ ဖြစ်တတ်တဲ့အရာဖြစ်ပြီး အမာရွတ်မရှိသူ ရှားပါတယ်။ အမာရွတ်အများစုကို ငယ်ရွယ်တဲ့အချိန် ကျွန်ုပ်တို့ရကြတာပါ။ ဒါတွေဟာ ကလေးဘဝရဲ့ ဆိုးသွမ်းမှုကို သတိရစေတဲ့အရာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ခွဲစိတ်ရာ (သို့) ထိရှရာစသဖြင့် အမာရွတ်အမျိုးမျိုးရှိပါတယ်။

သဘာဝအလျောက် အမာရွတ်ဖျောက်ခြင်း

သဘာဝဆေးတွေဟာ အမာရွတ်ကုသခြင်းအတွက် ဖြေရှင်းနည်းများစွာ ပေးပါတယ်။ အထိရောက်ဆုံးနည်းတွေ ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။

အမာရွတ်ဟောင်းဖျောက်နည်း

Pure Skin (Chronicls, 2005) စာရေးဆရာ Barbara Close ရဲ့ပြောဆိုချက်အရ အမာရွတ်ဖယ်ရှားဖို့ အထိရောက်ဆုံး သဘာဝဖြေရှင်းနည်းတွေထဲတစ်ခုက frankincense လော်ဗန်သုံး ထုတ်ကုန်ပစ္စည်းများ အသုံးပြုခြင်းဖြစ်ပါတယ်။ ဒီပစ္စည်းတို့က အနာကျက်ခြင်းနဲ့ အသားရေပြန်ပြည့်စေခြင်းအတွက် အလွန်အမင်း ထိရောက်ပါတယ်။ ဒါ့အပြင် အရေပြားနာကျင်ရောင်ရမ်းမှု သက်သာပျောက်ကင်းစေပါတယ်။

လောလောလတ်လတ်အမာရွတ်ဖျောက်နည်း

လောလောလတ်လတ်အမာရွတ်များ ဖယ်ရှားဖို့အတွက် calendula cream အသုံးပြုပါ။ သူ့မှာ flavonoids ပေါကြွယ်ဝပြီး အသားရေကြံ့ခိုင်စေပါတယ်။ Vitamin E ဆီနဲ့ ပေါင်းစပ်တဲ့အခါ အကောင်းဆုံးရလဒ် ရရှိစေပါတယ်။ ပြီးတဲ့အပြင် အနာသက်သာစေခြင်းနဲ့ အသားရေနူးညံ့ပြီး အနာကျက်မြန်စေတဲ့ အကျိုးသက်ရောက်မှုတွေပေးပါတယ်။

အမာရွတ်ကြိုတင်ကာကွယ်ခြင်း

ပျားရည်က သဘာဝအလျောက်အမာရွက်ကာကွယ်ကုသခြင်းအတွက် အကောင်းဆုံးအစားအစာတစ်ခု ဖြစ်ပါတယ်။ ပျားရည်မှာ ပြင်းထန်တဲ့ ဘက်တီးရီးယားနှိမ်နင်းနိုင်စွမ်းရှိပြီး အနာရောဂါကူးစက်မှုတွေ ကာကွယ်ပေးပါတယ်။ အနာရွက်ဖြစ်ပေါ်မှုကာကွယ်တားဆီးခြင်းအတွက် အရေးကြီးဆုံးဖြစ်ပါတယ်။  ရှားစောင်းလက်ပတ်ကလည်း အရေပြားအနာကျက်ခြင်းအတွက်နဲ့ အသားပြန်ပြည့်လာခြင်းအတွက် အံ့မခန်းဖွယ်ကောင်းမွန်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top