iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ်ယောက်ဟာ လုံးဝအမှောင်ကျတဲ့ နေရာမှာသာ အိပ်သင့်ကြောင်း သိပ္ပံပညာရှင်များ တညီတညွတ်တည်း ပြောဆိုကြပါတယ်။ နေထွက်လို့  အလင်းရောင်ပေါ်လာတဲ့အချိန်မှာ ကျွန်ုပ်တို့ရဲ့အလင်းအာရုံခံကိရိယာက ဦးနှောက်ဆီ နိုးချိန်တန်ပြီဖြစ်ကြောင်း သတင်းအချက်အလက် ပေးပို့ပါတယ်။ မှောင်လာတဲ့အချိန်မှာ အိပ်ချိန်ရောက်ပြီဆိုတဲ့ အချက်ပေးမှု လက်ခံရရှိပါတယ်။ အဲ့ဒီတော့ sleep hormone ခေါ် အိပ်ပျော်စေတဲ့ဟော်မုန်း ထုတ်လုပ်ပေးပါတယ်။ အိပ်ပျော်နေစဉ် အလင်းရောင်တစ်ခုခုနဲ့ ထိတွေ့နေပါက အိပ်မောကျအခြေအနေနဲ့ ဝေးကွာစေပါတယ်။

ဘာကြောင့်လဲဆိုတော့ အလင်းက ခန္ဓာကိုယ်လှုပ်ရှားမှုများနဲ့ ပုံမှန်အိပ်စက်ပြီး ပုံမှန်ပြန်နိုးတဲ့ အလေ့အထကို အကြီးအကျယ် ထိခိုက်စေလို့ပါပဲ။

အလင်းရောင်အောက်မှာ အိပ်ခြင်းအိပ်တဲ့အခါ စိတ်မပျော်ရွှင်မှု၊ အိပ်စက်ခြင်းနဲ့ ပြန်ထဖို့ ခက်ခဲမှုတွေ ဖြစ်စေနိုင်ပါတယ်။ ကွန်ပျူတာ၊ တီဗွီ သို့မဟုတ် တခြားမီးတစ်ခုခုဖြစ်ဖြစ် ဖွင့်လျက်ထားပြီး အိပ်တာ စိတ်မပျော်ရွှင်မှု ဖြစ်စေနိုင်တယ်လို့ ဦးနှောက်အာရုံကြောဆိုင်ရာလေ့လာမှုများက ဖော်ပြထားပါတယ်။

ဒါ့ကြောင့် တီဗွီ သို့မဟုတ် ကွန်ပျူတာကို ဖွင့်ပြီးအိပ်တတ်တဲ့အကျင့်ရှိရင် အဲဒီအကျင့်ဆိုးကို အမြန်ဆုံး ဖျောက်ပစ်ဖို့ လိုအပ်ပါတယ်။ တီဗီမကြည့်ဘဲ မအိပ်တတ်ဘူးဆိုရင်တော့ အိပ်ရေးပျက်တဲ့ အကျိုးဆက်လျော့နည်းသွားအောင် အချိန်သတ်မှတ်ချက် လုပ်ထားပေးပါ။

Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top