iMyanmarHouse.com - Best Property Website for Myanmar
×

နေ့ဆိုင်း၊ ညဆိုင်း ပြောင်းလဲလုပ်ကိုင်သော အမျိုးသ မီးများတွင် နှလုံးရောဂါ အန္တရာယ် အနည်းငယ်မြင့်မားလာမှုနှင့် ကြုံ တွေ့နိုင်သည်ဟု လေ့လာမှုအသစ်တစ်ရပ်၌ ဖော်ပြသည်။

‘‘နေ့ဆိုင်း၊ ညဆိုင်းပြောင်းလဲလုပ်ကိုင်တာ ကြာလာတာနဲ့ ဆက်စပ်ပြီး နှလုံးရောဂါအန္တရာယ် အနည်းငယ် မြင့်တက်လာတာကို မြင်တွေ့ရပါတယ်။ နေ့ဆိုင်း၊ ညဆိုင်း အလုပ်လုပ်နေတာ ရပ်လိုက် ရင်တော့ အဲဒီအန္တရာယ် နည်းသွားပါတယ်’’ ဟု သုတေသန ဦး ဆောင်သူ စီလင်းဗက်တာက ပြောသည်။

ညဆိုင်း အလုပ်လုပ်သော အမျိုးသမီးများနှင့် နှိုင်းယှဉ်လျှင် နေ့ဆိုင်း၊ ညဆိုင်းပြောင်းလဲလုပ်ကိုင်နေရသူများတွင် နှလုံးရောဂါ အန္တရာယ် ၁၅ နှင့် ၁၈ ရာခိုင်နှုန်းကြား မြင့်တက်လာသည်ဟု လေ့ လာမှုက တွေ့ရှိခဲ့သည်။

ညဆိုင်းလုပ်ကိုင်ခြင်းမှ ရပ်နားမှု အချိန်ကြာမြင့်လာလေ နှလုံး ရောဂါအန္တရာယ် လျော့ပါးလာလေဟု သုတေသီ စီလင်းဗက်တာက ပြောကြားပြီး ယင်းမှာ တွေ့ရှိချက်အသစ်ဖြစ်သည်ဟု မစ္စစ်ဗက်တာ က ပြောကြားသည်။

နေ့ဆိုင်း၊ ညဆိုင်းပြောင်း၍ အလုပ်ဆင်းခြင်းဆိုသည်မှာ နံနက်အဆိုင်းနှင့် ညနေအဆိုင်း ပြောင်းလဲမှုအဖြစ် တစ်လလျှင် သုံး၊ လေးရက် ညဆိုင်းအလုပ်ဆင်းရခြင်းလည်း ပါဝင်သည်။

ယခုတွေ့ရှိချက်ကို အမေရိကန်ဆေးပညာ အစည်းအရုံး ဂျာနယ်တွင် ဖော်ပြထားသည်။

ညဆိုင်းဆင်းခြင်းကြောင့် နှလုံးရောဂါဖြစ်သည်ဆိုခြင်းကို လေ့လာမှုက သက်သေမပြနိုင်သော်လည်း မိမိတို့၏ တွေ့ရှိချက်မှာ ယခင်တွေ့ရှိချက်များနှင့် ကိုက်ညီသည်ဟု မစ္စစ်ဗက်တာက ပြော ကြားသည်။

 Credit : 7Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top