iMyanmarHouse.com - Best Property Website for Myanmar
×

၁။ တင်းနစ်ဘောလုံး အသုံးပြုခြင်း

ဟောက်တယ်ဆိုတာ ပက်လက်အိပ်လို့ ဖြစ်တာပါ။ အဲဒီတော့ ညဝတ်အင်္ကျီရဲ့ နောက်ကျောမှာ တင်းနစ်ဘောလုံးကို ကပ်ချုပ်လိုက်ရင် ပက်လက်မအိပ်မိတော့ဘူးပေါ့။

၂။ သင်္ဘောဒန့်သလွန်

အိပ်ရာမဝင်ခင် သင်္ဘောဒန့်သလွန်ရည် တစ်ဇွန်းစားရင် နှာခေါင်းလမ်းကြောင်း ရှင်းပြီး မဟောက်တော့ဘူးလို့ ဆိုကြပါတယ်။

၃။ သီချင်းဆို လေ့ကျင့်ခန်း

သီချင်းဆိုတဲ့ လေ့ကျင့်ခန်းကို ပုံမှန် လုပ်ရင် ဟောက်တာ လျော့ကျတယ်လို့ ဆိုပါတယ်။

၎။ ကြက်သွန်ဖြူနဲ့ ပလုတ်ကျင်းခြင်း

ကြက်သွန်ဖြူကို ကြိတ်ပြီး ရေနွေးထဲထည့် မိနစ်

အနည်းငယ်လောက် သမအောင် မွှေပြီးတဲ့နောက် လည်ချောင်းထဲအထိ ပလုတ်ကျင်းလိုက်ပါ။

၅။ ပါးစပ်ကို တိတ်နဲ့ပိတ်ခြင်း

ပါးစပ်ကို ပိတ်ထားလိုက်ရင် နှာခေါင်းကနေ အသက်ရှူမှာဖြစ်တဲ့ ဟောက်သံမထွက်တော့ပါဘူး။

၆။ ခေါင်းအုံးသစ်

ခေါင်းအုံးအမြင့်တွေက ခေါင်းနဲ့ လည်ချောင်းကို မြှင့်ပေးထားတဲ့အတွက် လည်ချောင်း တင်းကျပ်မှုကို လျော့ကျစေပါတယ်။ အဲဒါဆိုရင် ဟောက်တာ ရပ်သွားနိုင်ပေမဲ့ ကျောနာတဲ့ ပြဿနာတော့ ရှိနိုင်ပါတယ်။

၇။ သွားတိုက်ဆေး

ချားစ် မင်းသားရဲ့ ဟောက်တာပျောက်တဲ့ ဆေးနည်းပါ။ သွားတိုက်ဆေးကို နှာခေါင်းပေါက်တစ်ခုချင်းရဲ့ အခြေမှာ ထားပြီး အိပ်တယ်လို့ ဆိုပါတယ်။

Credit : Duwun

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top