iMyanmarHouse.com - Best Property Website for Myanmar
×

ဟိုးအရင်က ယောက်ျားတစ်ယောက်ဟာ စီးပွားအရှာကောင်းပြီး ရုပ်ရည် ခန့်ညားနေရင် မိန်းကလေးတိုင်း လက်ခံနိုင်တဲ့ အရည်အချင်းပြည့်ပြီလို့ ဆိုကြပါတယ်။ အိမ်တွင်းပုန်း မှီခိုကြရတဲ့ မိန်းမတွေအတွက် အိမ်ထောင်တစ်ခုမှာ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက် မရှိအောင်ထားနိုင်ရင် တာဝန်ကျေပြီလို့ ယောက်ျားလေးတွေရော မိသားစု အသိုင်းအဝိုင်းကပါ ယူဆလေ့ရှိပါတယ်။

ဒီနေ့ခေတ်မှာတော့ အိမ်ထောင်တစ်ခုမှာ စီးပွားရေးကို ယောက်ျားတစ်ယောက်တည်းကပဲ တာဝန်ယူကြရတာ မဟုတ်တော့သလို မိန်းမတွေမှာလည်း ကိုယ်ပိုင်အောင်မြင်မှုတွေ ရရှိလာတဲ့အခါမှာ ကိုယ့်လက်တွဲဖော်ကို အတွေးတွေမျှဝေရုံလောက် မဟုတ်တော့ဘဲ အတူပူးပေါင်းပြီး လက်တွဲ အောင်မြင်အောင် ဆောင်ရွက်တဲ့ခေတ် ဖြစ်လာနေပြီ ဖြစ်ပါတယ်။ ယောက်ျားလေးနဲ့ မိန်းကလေး တန်းတူအခွင့်အရေးညီညီမျှမျှ ရနေတဲ့ ခေတ်မှာ ယောက်ျားတွေအနေနဲ့ ငွေရှာပေးနိုင်ရုံနဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့်ခေတ်သစ် အမျိုးသမီးတွေ ရှာဖွေလေ့ရှိတဲ့ ယောက်ျားတစ်ယောက်ရဲ့ အရည်အသွေးတွေကတော့-

ပွင့်လင်းတဲ့ စိတ်ထား -  အုံပုန်းစိတ်ထားပြီး လျှို့ဝှက်တတ်တဲ့ ယောက်ျားမျိုးကို မိန်းမတွေ သဘောမကျတတ်ပါဘူး။ ကျိုးကြောင်းဆီလျော်အောင် တွေးခေါ်မြော်မြင်တတ်ပြီး ရှင်းရှင်း ဘွင်းဘွင်းနဲ့ ဖြောင့်ဖြောင့် ပြောဆိုနေထိုင်တတ်တာမျိုးကို မျှော်လင့်တတ်ကြပါတယ်။

ဟာသဥာဏ်ရှိတာ - ကိုယ့်ကို ရယ်မောအောင်လုပ်ပေးနိုင်တဲ့ ယောက်ျားတစ်ယောက်က ကိုယ့်ကို စိတ်ချမ်းသာစေချင်တဲ့စိတ်ရှိတယ်ဆိုတာ သွယ်ဝိုက်ပြီး ပြသလို ဖြစ်တဲ့အတွက် မိန်းကလေးတိုင်း ကြည်နူးပျော်ရွှင်ပြီး တောင့်တမိတဲ့ အရည်အသွေးတွေထဲက တစ်ခုဖြစ်ပါတယ်။ အရာရာကို ပေါ့ပေါ့ပျက်ပျက်နဲ့ ဗရမ်းဗတာ စနောက်နေတာမျိုးမဟုတ်ဘဲ ကိုယ့်ကို စိတ်ဆင်းရဲမှုတွေ တဒဂ် ဖြစ်ဖြစ်ပြေပျောက်စေချင်တဲ့ သဘောနဲ့ ဟာသလုပ်စနောက်ပေးတဲ့ ပုံစံမျိုးကို လိုချင်တတ်ကြပါတယ်။

ယောက်ျား၊မိန်းမဆိုပြီး အဆင့်အတန်းမခွဲတတ်တာ - ဘယ်လောက်ခေတ်ပညာတတ်တဲ့ ယောက်ျားပဲဖြစ်ပါစေ ။ကျင့်သုံးလာတဲ့ ဓလေ့ထုံးစံတွေကြောင့် မိန်းမတွေကို တန်းတူမဆက်ဆံတတ်တဲ့ ယောက်ျားတွေရှိပါတယ်။ ယောက်ျားတာဝန်၊ မိန်းမတာဝန်ဆိုပြီး မခွဲခြားဘဲ အိမ်မှုကိစ္စ၊ သားသမီးကိစ္စတွေမှာ အတူတူ ဆောင်ရွက်ပေးမယ့် ယောက်ျားမျိုးကို လိုလားပါတယ်။

အိမ်ကိုခင်တွယ်တဲ့ယောက်ျား -ယနေ့ခေတ် လူနေမှုပုံစံတွေအရ အပန်းဖြေစရာ ပုံစံအမျိုးပေါင်း စုံလင်လှတဲ့အတွက် အိမ်မှာ မိသားစုနဲ့ အချိန်ပေးပြီးနေတတ်တဲ့ ယောက်ျားတစ်ယောက်ဖြစ်ဖို့ဆိုတာ မိန်းကလေးတိုင်း မျှော်လင့်တဲ့ အရည်အသွေးတစ်ခု ဖြစ်ပါတယ်။

ပရဟိတ စိတ်ဓာတ်ရှိတာ -သူများအမြင်အတွက် မဟုတ်ဘဲ လူတွေအပေါ် တကယ် စေတနာထားပြီး အကျိုးပြုလုပ်ငန်းလေးတွေ လုပ်တတ်တဲ့ ယောက်ျားတွေကို မိန်းကလေးတွေ သိပ်လိုလားပါတယ်။ ပရဟိတ လုပ်တတ်တဲ့ယောက်ျားလေးတွေရဲ့ ဖြူစင်တဲ့ စိတ်ထားက တစ်ဘဝလုံး ပုံအပ်ချင်တဲ့မိန်းကလေးတွေ ရှာဖွေတတ်တဲ့ ယောက်ျားတွေရဲ့ အရည်အသွေးတွေပဲ ဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top