iMyanmarHouse.com - Best Property Website for Myanmar
×

အစိမ်းရောင် အရွက်တစ်မျိုးဖြစ်တဲ့ ကိုက်လန်က ကျန်းမာရေးအတွက် စားသင့်တဲ့ အစားအစာပါ။

၁။ သွေးအတွင်း သကြားဓာတ်ပမာဏကို ထိန်းညှိပေးနိုင်

ကိုက်လန်က Type 1 နဲ့ Type 2 အမျိုးအစား ဆီးချိုရောဂါ ခံစားနေရသူအတွက် သွေးအတွင်း သကြားဓာတ်နဲ့ အင်ဆူလင် ပမာဏကို ထိန်းညှိပေးပါတယ်။

၂။ နှလုံးကျန်းမာရေး ကောင်းမွန်စေ

ကိုက်လန်မှာ ပိုတက်စီယမ်၊ ဗီတာမင် B6၊ ဗီတာမင် C နဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်ပြီး နှလုံးရောဂါ ဖြစ်ပွားမှုကို လျော့ကျစေပါတယ်။

၃။ ကင်ဆာဖြစ်ပွားမှု လျော့ကျစေနိုင်

ကိုက်လန်က အသားကင်တွေ စားခြင်းကြောင့် ဖြစ်နိုင်တဲ့ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

၎။ အရိုးကျန်းမာရေး ကောင်းမွန်စေ

ကိုက်လန်မှာ ပါဝင်တဲ့ ဗီတာမင် K က အရိုးကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ဒါ့ပြင် ကိုက်လန်က အရိုးအတွက် အဓိက လိုအပ်တဲ့ ကယ်လ်စီယမ်ဓာတ်ကို ခန္ဓာကိုယ်က စုပ်ယူနိုင်မှု မြင့်တက်စေပါတယ်။

၅။ အစာခြေစနစ်ကို အထောက်အကူပြု

ရေဓာတ်နဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ ကိုက်လန်က အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။

၆။ အသားအရေနဲ့ ဆံပင် စိုပြေလှပစေ
ကိုက်လန်မှာ ဗီတာမင် A ကြွယ်ဝစွာ ပါဝင်ပြီး ဆံပင်နဲ့ အသားအရေကို သဘာဝအတိုင်း စိုပြေလှပစေပါတယ်။

၇။ မျက်လုံးကျန်းမာရေး ကောင်းမွန်စေ

ကိုက်လန်စားခြင်းက မျက်လုံးကျန်းမာရေး ကောင်းမွန်စေပြီး ငယ်ရွယ်နုပျိုတဲ့ မျက်လုံးအလှကို ပိုင်ဆိုင်စေနိုင်ပါတယ်။

၈။ အဆစ်အမြစ် နာကျင်ကိုက်ခဲမှု သက်သာစေ

ကိုက်လန်မှာ ရောင်ရမ်းနာကျင်မှုကို သက်သာစေတဲ့ ဓာတ်တွေပါဝင်တာကြောင့် အဆစ်အမြစ် ရောင်ရမ်းနာကျင်မှုတွေကို သက်သာစေပါတယ်။

၉။ အဆိပ်အတောက်ဖယ်ရှားမှု အထောက်အကူပြု

ကိုက်လန်က ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားရာမှာ အထောက်အကူပြုတဲ့ အရွက်တစ်မျိုး ဖြစ်ပါတယ်။

၁၀။ ကလေးငယ်တွေ ဖွံ့ဖြိုးမှုကို အထောက်အကူပြု

ကိုက်လန်က နို့စို့အရွယ် ကလေးငယ်တွေရဲ့ ဦးနှောက်နဲ့ အထွေထွေ ဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top