iMyanmarHouse.com - Best Property Website for Myanmar
×

ပရိသတ်များသာမက အနု ပညာလုပ်ဖော်ကိုင်ဖက်များ ကပါ အကယ်ဒမီရလိမ့်မည်ဟု တစ် ထစ်ချယုံကြည်ထားကြသော သရုပ်ဆောင်ခင်လှိုင် အကယ်ဒမီ မရရှိခဲ့ပေ။ ‘အောင်ဘာလေ’ဇာတ် ကားမှ ဇာတ်ရုပ်ဖြင့် အကယ်ဒမီရ မည်ဟု ထင်ကြေးပေးခံခဲ့ရခြင်း ဖြစ်သည်။

လူမှုကွန်ရက်တွင် ပွဲဆူနေ သော ခင်လှိုင်အကယ်ဒမီမရခြင်း ကိစ္စနှင့်ပတ်သက်၍ တွေ့ဆုံမေး မြန်းထားပါသည်။

အခုချိန်မှာတော့ ပရိသတ်တွေနဲ့ အနုပညာရှင်တွေပါ အစ်ကို့အ တွက် စိတ်မကောင်းဖြစ်ကြရ တယ်။ အကယ်ဒမီရစေချင်ခဲ့ပြီး အစ်ကိုနဲ့ထပ်တူတစ်ထပ်တည်းခံ စားကြရတဲ့အစ်ကို့ပရိသတ်တွေ ကို ဘာများပြောချင်ပါသလဲ။

ပထမဆုံးအနေနဲ့ ပြည်တွင်း၊ပြည်ပက ကျွန်တော့်ကိုချစ်ခင်တဲ့ ပရိသတ်တွေနဲ့ ဖေ့စ်ဘွတ်ခ်ပေါ် က ပရိသတ်တွေကို ကျွန်တော်အ ကယ်ဒမီနဲ့လွဲခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော် ညံ့လို့မဟုတ်ဘူးဆိုတာ အားလုံး သိပြီးသားပါ။ ကိုဗေလုဝရတာကို မနာလိုဖြစ်စရာအကြောင်းမရှိပါ ဘူး။ ကျွန်တော်အကယ်ဒမီဘုတ် အဖွဲ့ကို မေးချင်တာကရှိပါတယ်။ အဲဒါကတော့ ဇာတ်ပို့၊ ဇာတ်ရံ၊ ဇာတ်ဆောင်ဒါလေးတောင်ခွဲခြား မသိဘဲနဲ့ အဲဒီနေရာမှာ ထိုင်နေ တာမရှက်ဘူးလားလို့ ကျွန်တော် မေးချင်ပါတယ်။

အကယ်ဒမီဆုပေးပွဲမှာ ပွဲမပြီးခင် ပြန်သွားတယ်လို့ သိရပါတယ်။ အကယ်ဒမီနဲ့လွဲခဲ့တာကြောင့် စိတ်ဓာတ်ကျသွားမယ်ထင်ထား တာ။ အခုတော့ မနက်ကတည်း က ရိုက်ကူးရေးတွေလုပ်နေပြီဆို တော့ အကယ်ဒမီအပေါ် အစ်ကို့ ခံယူချက်က ဘယ်လိုရှိပါသလဲ။

အခုအဲဒီကိစ္စကလည်း ၀ိဝါဒ တွေ တော်တော်ကွဲတာတွေ့ရ တယ်။ ကျွန်တော်မနေ့ကတုန်းက ပြန်ရတာက ကျွန်တော့်ကိုချစ်ခင် တဲ့မောင်နှမတွေ အထူးသဖြင့် ယုန်လေးပေါ့။ နောက်အနုပညာ မောင်နှမတွေက ကျွန်တော့်ဘေး မှာ ၀ိုင်းနေတော့ ကျွန်တော့်မျက် နှာကိုမြင်နေရရင် ပိုစိတ်မကောင်း ဖြစ်ပြီး ၀မ်းနည်းကြမယ်။ နောက် မလိုလားအပ်တဲ့ပြဿနာတွေဖြစ် မှာစိုးလို့ ကျွန်တော်ပြန်လိုက်တာ။ နောက်ကျွန်တော့်သားကလည်း ဆေးရုံတက်နေတဲ့အတွက် ကျွန် တော်အကယ်ဒမီမရမှန်းသိရင် ပို စိတ်ထိခိုက်မှာစိုးလို့ ကျွန်တော် သွားအားပေးရမယ်လေ။ အဲဒါ ကြောင့် ကျွန်တော်ပြန်ခဲ့တာပါ။ အကယ်ဒမီအပေါ် ကျွန်တော့်ခံယူ ချက်ကတော့ အကယ်ဒမီက ဘ၀ မဟုတ်ပါဘူး။ အကယ်ဒမီက အနုပညာသမားတွေအတွက် မှတ်တိုင်တစ်ခုပါ။ ကိုကျော်သူ ပြောတဲ့စကားအတိုင်း ပြောရရင် အကယ်ဒမီပေးချင်ရင် အိမ်လာ ပေးလာမယူတော့ဘူးလို့ ပြော ချင်ပါတယ်။

ဒီကားမှာ အစ်ကိုနဲ့ မဂွမ်းနဲ့က ဇာတ်ကိုအဓိကထိန်းသွားတဲ့အ တွက် ဇာတ်ပို့မဖြစ်မနေပေးရမယ် ဆိုတာမျိုး ၀ါရင့်အနုပညာရှင် တွေက သုံးသပ်နေတာတွေ့ရ တယ်။ အဲဒါကြောင့် အကယ်ဒမီ ရွေးချယ်ဆုံးဖြတ်မှုအပေါ် အစ်ကို့ အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ကျွန်တော်ဖြစ်စေချင်တာက တော့ ဇာတ်ပို့ဆုပဲဖြစ်ဖြစ်၊ ဇာတ် ဆောင်ဆုပဲဖြစ်ဖြစ်၊ ဇာတ်ပို့ဇာတ် ဆောင်စစ်စစ်တွေကိုပဲ ပေးသင့် ပါတယ်။ ဒီကားထဲမှာ မဂွမ်းပုံကို ကျွန်တော်ချစ်တယ်။ သူ့အနုပညာ ကို ယုံကြည်တဲ့အတွက် ပါးရိုက် တဲ့အခန်းတွေတောင် ကျွန်တော့် ကို တကယ်ရိုက်ခိုင်းတာပါ။ သူ သရုပ်ဆောင်ရတာ ပိုပီပြင် အောင်လို့လေ။ သူလည်းအကယ် ဒမီရသွားတဲ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ ဒါပေမဲ့ အ ကယ်ဒမီဘုတ်အဖွဲ့ရဲ့ တချို့လွဲ မှားတာတွေကြောင့် ကျွန်တော်တို့ အနုပညာသမားအချင်းချင်း စိတ် ၀မ်းကွဲစေပါတယ်။ ဇာတ်ပို့၊ ဇာတ်ရံ၊ ဇာတ်ဆောင် အလွှာအ သီးသီးရှိပါတယ်။ အခုလိုလွဲမှားမှု ကြောင့် ကျွန်တော်တို့လို ဇာတ်ပို့ သမားတွေ အမြဲတမ်း အနှိမ်ခံရ တော့မှာလားလို့ ပြောချင်ပါ တယ်။

အကယ်ဒမီရွေးချယ်စိစစ်မှုနဲ့ ပြောရရင် ပြီးခဲ့တဲ့နှစ်ကလည်း ဥက္ကဋ္ဌက ရှင်းတယ်။ ဆုကိုဘယ် လိုအဆင့်ဆင့်ရွေးချယ်အကဲ ဖြတ်တယ်ဆိုတာကိုပေါ့။ အခုနှစ် မှာတော့ အစ်ကို့ကို အကယ်ဒမီမ ပေးတဲ့နောက်ကွယ်မှာ ဘာတွေ ရှိမလဲဆိုတာမျိုးပေါ့။ အကယ်ဒမီ ဆုက တစ်ဦးတစ်ယောက်တည်း ရဲ့ ဆုံးဖြတ်ချက်၊ လိုလားချက်အ ပေါ်မှာ ဘယ်လောက်ထိ မူတည် နိုင်ပါသလဲ။

အဲဒါကတော့ သူတို့သရုပ် ဆောင်တွေကို ဘယ်ပေတံနဲ့တိုင်း ပြီး ပေးသလဲဆိုတာ ကျွန်တော် တော့မသိဘူး။ ဒီဇာတ်ကားရဲ့ အစအလယ်အဆုံးကို ပြန်ကြည့် ကြည့်ပါ။ ဒီကားမှာဘယ်သူတွေ ဘယ်လောက်ထိ လုပ်နိုင်သလဲ ဆိုတာ ကာယကံရှင်တွေလည်း သိပါတယ်။ ဒီဇာတ်ကားရုံတင်တဲ့ အထိ ဒါရိုက်တာကိုဇော် (အရုဏ် ဦး) ဘယ်သူတွေပေါ်မှာ အားအရ ဆုံးလဲဆိုတာ သူအသိဆုံးပါ။ ကျွန်တော်ကတော့ ဒီကားထဲမှာ ကျရာအခန်းကဏ္ဍကနေ ဇာတ် ကို အကောင်းဆုံးပို့ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီအကယ်ဒမီရွေးချယ်တဲ့ အခါမှာတော့ တစ်ယောက်ချင်းရဲ့ ဆန္ဒလား(ဒါမှမဟုတ်)တစ်ဦးတစ် ယောက်တည်းရဲ့ ချုပ်ကိုင်မှု အောက်ရောက်သွားတာလားဆို တာတော့ ကျွန်တော်မသိပါဘူး။

နောက်နှစ်အကယ်ဒမီမှာကော ဒီ နှစ်လိုပဲ ရင်ခုန်စရာဇာတ်ကား တွေရှိရင် ရင်ခုန်စွာနဲ့ပဲ အကယ် ဒမီပွဲတက်ဖို့ ယုံကြည်မှုရှိပါသ လား။

ကျွန်တော်ဘယ်တော့မှ မ ယုံကြည်လို့ ဘယ်တော့မှမတက် တော့ပါဘူးခင်ဗျာ။

ကျေးဇူးတင်ပါတယ်။

Credit: 7 Day Daily
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top