iMyanmarHouse.com - Best Property Website for Myanmar
×

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်တက္ကသိုလ်က သုတေသနပညာရှင်တွေ ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ ပန်းကန်တွေကို အာရုံမှတ်ကာ ဆေးနည်းကို ကုထုံးတစ်ခုအနေနဲ့ အသုံးချနိုင်ပြီး ပန်းကန်ဆေးတဲ့ အပြုအမူဟာ စိတ်ချမ်းသာသုခခံစားရမှု ပိုမိုဖြစ်စေပြီး စိတ်ပင်ပန်းမှုနဲ့ ပူပန်သောကတွေကို လျော့ပါးစေနိုင်ကြောင်း သိရှိရပါတယ်။

အာရုံမှတ်ကာ တရားထိုင်ခြင်းလိုသဘောမျိုးဖြစ်ပြီး ပန်းကန်ဆေးရာမှာ သင့်အရေပြားပေါ် လာထိတဲ့ရေရဲ့ နွေးထွေးမှု၊အေးမြမှု၊ ပန်းကန်ဆေးဆပ်ပြာရဲ့ရနံ့ ၊ သင့်လက်ထဲမှာကိုင်ထားတဲ့ပန်းကန်ပြားတွေရဲ့ အတွေ့ အထိ တွေကို လုံးဝ အာရုံပြုနေရမှာဖြစ်ပါတယ်။

ယခုလေ့လာမှုမှာ ကျောင်းသားကျောင်းသူ ၅၁ ယောက်ကို အုပ်စုနှစ်စုခွဲကာ ပထမအုပ်စုကို ပန်းကန်ဆေးခြင်းရဲ့ အထိအတွေ့ ၊ခံစားမှုတွေကို သေချာ အာရုံမှတ်ထားဖို့ စေခိုင်းခဲ့ပြီး တစ်ခြားတစ်အုပ်စုကိုတော့ ပန်းကန်းဆေးနည်းတွေကိုပဲ ညွှန်ကြားကာ  ဆေးပြီးသား ပန်းကန်ချပ် ၁၉ ချပ်ကို ဆေးစေခဲ့ပါတယ်။

တွေ့ ရှိချက်အရ  အာရုံမှတ်ကာ ပန်းကန်ဆေးသူတွေဟာ အကောင်းမြင်မှု ပိုများလာပြီး တီထွင်ဖန်တီးမှုနဲ့ ဥာဏ်ကွန့် မြူးမှုတို့ လည်း ပိုကောင်းကာ စိတ်လှုပ်ရှားမှုတွေ လျော့ကျသွားတာ ကို တွေ့ ရှိခဲ့ရပါတယ်။ သာမန်ဆေးတဲ့အုပ်စုမှာတော့ ပြောင်းလဲမှုတစ်ခုမှမတွေ့ ရှိခဲ့ရဘူးလို့ သိရပါတယ်။

ဒီ နည်းဟာ ပန်းကန်ဆေးရာမှာပဲ သုံးနိုင်မှာမဟုတ်ဘဲ၊ အ၀တ်လျှော်၊ တံမြက်စည်းလှဲ၊ လမ်းလျှောက် စတဲ့ ဘယ်လုပ်ဆောင်မှုမျိုးကိုမဆို အာရုံမှတ် တရားထိုင်ခြင်းအဖြစ် ပြောင်းလဲပစ်နိုင်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top