iMyanmarHouse.com - Best Property Website for Myanmar
×

ဒီနှစ်မှာ အယ်နီညိုရှိနေတာကြောင့် အပူချိန်ဟာ တခြားနှစ်တွေထက် ပိုမြင့်နေပါတယ်။ ဒါကြောင့် သင်္ကြန်လည်မယ်ဆို သင့်အရေပြားကို ပိုဂရုစိုက်ဖို့ လိုပါမယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားနူးလာတာတွေ၊ နေလောင်တာတွေ၊ အရေပြားတွေရောင်ပြီး နီရဲလာတာတွေနဲ့ စပ်ဖျဉ်းဖျဉ်းတွေ ဖြစ်လာနိုင်ပါတယ်။

သင်္ကြန်လည်မယ်ဆို ယောကျာ်းလေး၊မိန်းကလေးမခွဲခြားဘဲ နေရောင်ခံ body lotion လိမ်းသွားသင့်ပါတယ်။ ရေစိုခံ Lotion ဆိုရင်တော့ ပိုကောင်းပါတယ်။  အင်္ကျီလက်တိုဆိုတာထက် အင်္ကျီလက်ရှည်ကို ပိုရွေးသင့်ပါတယ်။ ဘောင်းင်္ကျီကိုလည်း အရှည်ပဲ ဝတ်သင့်ပါတယ်။ အပူစုပ်အားကောင်းတဲ့ အရောင်တွေဖြစ်တဲ့ အဖြူရောင်နဲ့ အနက်ရောင်အဝတ်အစားတွေကို ရှောင်သင့်ပါတယ်။ မပါမဖြစ်ကတော့ နေကာမျက်မှန်ဖြစ်ပြီး ဦးထုပ်လည်း ဆောင်းသင့်ပါတယ်။

နေ့လယ်နားမယ်ဆိုရင် လေကောင်းလေသန့်ရတဲ့ နေရာမှာ နားပါ။ ဒီအချိန်မှာ ဝတ်လာတဲ့ ရှုးဖိနပ်ကိုချွတ်ပြီး ခြေထောက်ကို ရေဆေးပေးသင့်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ရေဝဲ၊သဲဝဲစားတာတွေ ဖြစ်လာနိုင်ပါတယ်။

အသားဖြူသူတွေဟာ အသားညိုသူတွေထက် နေလောင်ဒဏ်ကို ပိုခံစားရပါတယ်။

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top