iMyanmarHouse.com - Best Property Website for Myanmar
×

 တောင်ကိုရီးယားသရုပ် ဆောင်မင်းသား ဆောင်းဂျွန်ကီ၏ တရုတ်နိုင်ငံ၌ ကြော်ငြာဝင်ငွေမှာ ခြောက်လအတွင်း ကန်ဒေါ်လာ နှစ်သန်းခွဲခန့်ရှိသည်ဟု တရုတ် မီဒီယာတစ်ခုက ဖော်ပြသည်။

ဆောင်းဂျွန်ကီသည် KBS2 ရုပ်သံလိုင်း၏ Descendants of the Sun ဇာတ်လမ်းတွဲ၌ ပါဝင် သရုပ်ဆောင်ခဲ့ပြီးနောက် ကိုရီး ယား ကြယ်ပွင့်တစ်ပွင့်အဖြစ် ကျော်ကြားလာခဲ့သည်။

ယင်းဇာတ်လမ်းတွဲသည် တရုတ် ပရိသတ်များအကြား အထူး ရေပန်းစားခဲ့ပြီးနောက် ဆောင်းဂျွန်ကီ၏ အနုပညာကြေး မှာ မြင့်တက်ခဲ့သည်ဟု တရုတ် မီဒီယာက ဖော်ပြသည်။ ဆောင်း ဂျွန်ကီသည် ခြောက်လအတွင်း တရုတ်နိုင်ငံ၌ ကြော်ငြာရိုက်ကူး ရေးမှ ဝင်ငွေ တရုတ်ယွမ် ၁၆ သန်း (ကန်ဒေါ်လာ နှစ်သန်းခွဲခန့်) ရရှိခဲ့သည်ဟု အဆိုပါသတင်းက ဖော်ပြသည်။ ၎င်း၏ အနုပညာ ကြေးသည် လီမင်ဟိုနှင့် ကင်ဆူ ဟွန်းတို့ အောင်မြင်ကျော်ကြား စဉ်ကာလအတွင်း ရရှိခဲ့သည့် အနုပညာကြေးများထက် ပိုများခဲ့ သည်။

ဆောင်းဂျွန်ကီအား တရုတ် ကုမ္ပဏီ ၁၀ ခုကျော်က ကြော်ငြာ ရိုက်ကူးရေး ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top