iMyanmarHouse.com - Best Property Website for Myanmar
×

ခန္ဓာကိုယ်မှာ နာကျင်မှုကို အာရုံခံနိုင်စွမ်းအား ဟန့်တားခြင်းက အသက်ရှည်စေပါတယ်။ ငရုတ်သီးမှာပါဝင်တဲ့ Capsaicin ဒြပ်ပေါင်းဟာဆိုရင်တော့ နာကျင်မှုအာရုံခံပရိုတိန်း TRVPI  ကို ဟန့်တားပေးပါတယ်။ ဒါကြောင့် ငရုတ်သီးတောင့်တွေနဲ့ ငရုတ်သီး ပါဝင်တဲ့ အစပ်ဟင်းတွေ ပုံမှန်စားသုံးခြင်းဖြင့် အသက်ရှည်နိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ကယ်လီဖိုးနီးယားတက္ကသိုလ်က သုတေသီအင်ဒရူးဒီလင်းနဲ့ သုတေသီတွေက ကြွက်တွေကို TRVPI ခေါ် နာကျင်မှုအာရုံခံ ပရိုတိန်းမထုတ် လုပ်နိုင်အောင် မျိုးရိုးဗီဇပြုပြင်ပြီး အဲဒီလေ့လာမှုကို ပြုလုပ်ခဲ့ကြတာပါ။

TRVPI  ခေါ် နာကျင်မှုအာရုံခံ ပရိုတိန်းမထုတ်လုပ်နိုင်တဲ့ အဲဒီကြွက်တွေဟာ ထူးထူးခြားခြား အသက်ရှည်နေပါတယ်။ တခြားပုံမှန်ကြွက်တွေထက် ၁၄ ရာခိုင်နှုန်းပိုပြီး အသက်ရှည်တဲ့အပြင် ပိုမိုကျန်းမာပြီး ၊ ကင်ဆာရောဂါ ဖြစ်ပွားမှုလျော့နည်းပါတယ်တဲ့။

အသက်အရွယ်ကြောင့် မှတ်ဉာဏ် စွမ်းရည်ကျဆင်းမှုနှုန်း လျော့နည်းကြောင်း၊ ဒါ့အပြင် ပုံမှန်ထက် ကိုယ်လက်လှုပ်ရှားမှု ပိုမိုပြုလုပ်စရာ မလိုဘဲ အဆီပိုတွေကို လောင်ကျွမ်းစေ နိုင်ကြောင်းနဲ့ အသက်အရွယ်အိုမင်းလာတဲ့တိုင် ခန္ဓာကိုယ်တွင်း သကြားဓာတ် ချေဖျက်နိုင်စွမ်းအပါအ၀င် ဇီဝရုပ်ဖြစ်စဉ်ဟာ အသက်ငယ် စဉ်ကလို ကောင်းမွန်နေတုန်းဖြစ်ကြောင်း စတဲ့အကြောင်းအရာတွေကို သုတေသီတွေက ရှာဖွေနိုင်ခဲ့တာပါ။

ဒါကြောင့် ခန္ဓာကိုယ်မှာ နာကျင်မှု အာရုံခံနိုင်စွမ်းကို ဟန့်တားခြင်းက လူတွေမှာ နာကျင်မှုသက်သာစေရုံမက အသက်ရှည်ကျန်းမာစေပြီး၊ အထူးသဖြင့် ဆီးချိုရောဂါနဲ့ အ၀လွန်မှုတို့ကို ကုသရာမှာ အလွန်အသုံးဝင် နိုင်တယ်လို့ အဲဒီလေ့လာမှုမှာပါဝင်ခဲ့တဲ့ ပါမောက္ခ သုတေသီက ပြောကြားခဲ့ပါတယ်။

Credit : ThitHtooLwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top