iMyanmarHouse.com - Best Property Website for Myanmar
×

လူတွေဆီမှာ သာမန်ကြည့်ရင် မမြင်နိုင်တဲ့ စိတ်ခံစားချက်တွေ ရှိတတ်ကြပါတယ်။ အထူးသဖြင့် သိမ်ငယ်စိတ်၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိတဲ့ စိတ်တွေနဲ့ စိုးရိမ်မှု လွန်ကဲစိတ်ဟာ ချစ်သူတွေကြားမှာ အကြီးမားဆုံး အနှောက်အယှက် ဖြစ်နေတတ်ပါတယ်။

သင့်ရဲ့ ချစ်သူကောင်လေးဆီမှာ သင်နဲ့ပတ်သတ်ပြီး သိမ်ငယ်စိတ်၊ စိုးရိမ်ကြီးတဲ့စိတ်တွေ ဝင်နေပြီလားဆိုတာ ဒီအချက်တွေကို ကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။

၁။ သင်နဲ့ အမြဲတွေ့ချင်နေတယ်

နေ့လည်ကတင် တွေ့ထားတယ်။ ညကျတော့လည်း အပြင်သွားရအောင်လို့ ထပ်ပြောလာပြန်ပြီ။ သူဟာ သင်နဲ့ ခဏခဏ တွေ့ဖို့ ကြိုးစားနေမယ်။ အမြဲလည်း ဖုန်းတွေဆက်ပြီး မက်ဆေ့ပို့နေမယ်။ ဒါတွေအလွန်အကျူး ဖြစ်နေပြီဆိုရင် သင်သူ့ကို ထားသွားမှာတွေးပြီး စိုးရိမ်နေလို့ပါ။

၂။ သူ့ကို ချီးမွမ်းစကားပြောပေးဖို့ လမ်းကြောင်းပေးမယ်

သူက ဘယ်လောက်ရုပ်ဆိုးကြောင်း၊ ဘယ်လောက်ဝကြောင်း စသဖြင့် သူ့အားနည်းချက်တွေ သင့်ရှေ့မှာ ပြောမယ်။ ဒါဆိုရင်သူ သင့်ဆီက ချီးမွမ်းစကား ကြားချင်လို့ပါ။ ဒါဟာ သိမ်ငယ်မှုရဲ့ လက္ခဏာ တစ်ရပ်ပါပဲ။

၃။ သင့်ကို အရမ်းကြင်နာပြမယ်

လိုအပ်တာထက်ကို ပိုပြီး သင့်ကို ကြင်နာပြနေမယ်ဆိုရင် စဉ်းစားစရာပါပဲ။ အရမ်းကြင်နာပြခြင်းဟာ ပုံမှန်မဟုတ်တတ်ပါဘူး။

၎။ အမြဲတမ်း ဘာလုပ်နေလဲ၊ ဘယ်ရောက်နေလဲ မေးမယ်

သင်ဘယ်ရောက်နေလဲ၊ ဘာလုပ်နေလဲဆိုတာ တစ်နာရီခြားတစ်ခါ၊ ဒါမှမဟုတ် နှစ်နာရီခြား တစ်ခါလောက် ဖုန်းဆက်နေမယ်ဆိုရင် ဒီလက္ခဏာ ရှိနေပါပြီ။ ဒါဟာ စိုးရိမ်စိတ်ကြီးလွန်းသူ၊ သိမ်ငယ်တတ်သူတွေရဲ့ အလေ့အကျင့်ပါ။

၅။ သင့်အဝတ်အစားကို ထိန်းချုပ်မယ်

အတိုအပြတ်တွေ အဝတ်နဲ့။ လည်ပင်းဟိုက်တာတွေမဝတ်နဲ့ဆိုပြီး အမြဲထိန်းချုပ်နေမယ်။ တော်ရုံ အဝတ်အစားကိုတောင် လွှတ်မပေးပဲ လိုက်ထိန်းချုပ်နေပြီဆိုရင်သူဟာ သိမ်ငယ်စိတ်ရှိသူ၊ သို့မဟုတ် ကိုယ့်ကိုကိုယ် ယုံကြည်မှု အားနည်းသူ ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှု အားနည်းသူတွေသာ ကိုယ့်ချစ်သူ သူများနောက် ပါမှာကိုတွေးပြီး အစိုးရိမ်ကြီး စိုးရိမ်တတ်ကြတာပါ။

၆။ သင်အပြင်ထွက်တာ လုံးဝမကြိုက်ဘူး

အမျိုးသားအတော်များများကတော့ ကိုယ်မပါပဲ ကိုယ့်ချစ်သူ အပြင်ထွက်တာ မကြိုက်တတ်ကြပါဘူး။ ဒါပေမယ့် လိုတာထပ် ပိုကဲပြီး သင့်ကို ဘယ်သူနဲ့မှ အပြင်ထွက်တာကို မကြိုက်ရင်တော့ သင့်ချစ်သူဟာ စိုးရိမ်စရာ ကောင်းနေပါပြီ။

၇။ သင့်ကို မတွေ့ရတဲ့ အခါ

သင့်ကို လုံးဝ အဆက်အသွယ် မရတဲ့ အခါမျိုးတွေမျာ သူဘာမှ မလုပ်တတ်၊ မကိုင်တတ် ဖြစ်နေပြီ။ သင့်ဆီကို ဖုန်းတွေ အကြိမ်ပေါင်းများစွာ ခေါ်ထားမယ်။ ဒါဆိုရင်တော့ သူကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိသူဆိုတာ သေချာသွားပါပြီ။

Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top