iMyanmarHouse.com - Best Property Website for Myanmar
×

ညဘက်တွေမှာ အလွန်အကျွံ သောက်မိတဲ့အခါ၊ ပါတီတွေနဲ့ နိုက်ကလပ်တွေကို အသွားများတဲ့အခါတွေမှာ ကျန်းမာရေးကို အလွန်အကျွံထိခိုက်တဲ့ အပြုအမူတွေနဲ့ အစားအသောက်တွေ မှီဝဲမိတတ်ခဲ့ကြပါတယ်။ ဒီကာလအပြီးမှာတော့ သင့်အသားအရေဟာ အလွန်ပဲ ညှိုးရော်ခြောက်သွေ့လို့ ပျက်စီးသွားပါတော့တယ်။

          ဒါကြောင့် မူလအသားအရေအတိုင်း ပြန်လည်ရရှိစေနိုင်တဲ့ လွယ်ကူတဲ့နည်းလမ်းတချို့ ပြောပြပေးချင်ပါတယ်။

(၁)     ရေဓါတ်နဲ့အားဖြည့်ပါ။

မနက်ရောက်တဲ့အခါ အလိုအပ်ဆုံး တောင့်တချက်တစ်ခုကတော့ ရေပါပဲ။ ဟုတ်ပါတယ် အယ်လ်ကိုဟောကြောင့် ပူလောင်နေတဲ့ တစ်ကိုယ်လုံးနဲ့ အတွင်းက ကလီဇာတွေကို ရေနဲ့ပြန်အားဖြည့်ပေးပါ။ ဒါကြောင့် hangover ဖြစ်ပြီးနောက်တစ်နေ့မှာ ရေများများသောက်ဖို့ လိုပါတယ်။

(၂)     ပေါင်းတင်သူတစ်ယောက် လုပ်ပါ။

ပျက်စီးသွားတဲ့ အသားအရေကို ပြန်လည်ပြုပြင်ဖို့ အလျင်မြန်ဆုံးနည်းကတော့ မျက်နှာပေါင်းတင်တာပါပဲ။ ဒါက သင့်အသားအရေကို ရေဓါတ်ပြန်ဖြည့်ပေးရုံသာမကဘဲ အဖုအပိန့်နဲ့ အသားအရည် အရောင်မမှန်တာတွေကိုပါ ပြန်လည်ပြုပြင်ပေးပါတယ်။ မိနစ်သုံးဆယ်လောက် လိမ်းထားပြီးနောက်မှာတော့ ရေနွေးနွေးနဲ့ သစ်ပစ်လိုက်ပါ။ ပြီးရင် ခြောက်သွေ့တဲ့ မျက်နှာသုတ်ပုဝါ တထည်နဲ့ အသာအယာ သုတ်ပေးပါ။

(၃)     ဂါထာသုံးပုဒ် ။

(၁) သန့်စင်ပါ ။ (၂) မုတ်ဆိတ်ရိတ်ပါ။ (၃) ပြီးရင်တော့ moisturize လုပ်ပါ။ သင့်ရဲ့ အသားအရေဟာ ပုံမှန်ပြန်ဖြစ်တယ်လို့ မခံစားရသေးဘူးဆိုရင် ပထမဆုံးအနေနဲ့ မျက်နှာသစ်ဆေးနဲ့ အသေအချာ မျက်နှာသစ်ပါ။ ပြီးရင် ညှင်းသိုးသိုးဖြစ်နေမယ့် သင့်ရဲ့ နှုတ်ခမ်းမွှေး ၊ မှုတ်ဆိတ်မွှေး ၊  ပါးသိုင်းမွှေး စတာတွေကို ရှင်းပစ်ပါ။ ပြီးရင် ခေါင်းလျှော်ပါ။ နောက်ဆုံးအနေနဲ့ အသားအရေ ပြန်လည် နူးညံ့လာစေဖို့ moisture ကရင်မ်တွေကို သုံးပေးပါ။ ဂါထာသုံးပုဒ်ပေါ့။

(၄)     conceal သုံးပေးပါ။

ကျန်းမာသန်စွမ်းပြီး အသားအရေအရောင် မှန်ကန်ဖို့အတွက် နောက်ဆုံးအဆင့် အနေနဲ့ concealer တွေကို သုံးပေးပါ။ ဈေးကွက်ထဲမှာ အမျိုးသားတွေအတွက် သီးသန့်ထုတ်တဲ့ concealer တွေအများအပြားရှိပါတယ်။ အဲဒါတွေက သင့်ရဲ့ ပန်ဒါလိုညိုနေမယ့် မျက်ကွင်းတွေနဲ့ ထိခိုက်ထားတာတွေကို လုံးဝ ပျောက်ကင်းသွားစေနိုင်ပါတယ်။ concealer ပမာဏ အနည်းငယ်ကို ယူလိုက်ပြီး မျက်နှာတစ်ပြင်လုံးအနှံ့ သေချာပွတ်လိမ်းပေးပါ။

ဒီအဆင့်လေးတွေ လုပ်ပေးလိုက်ရင်တော့ အယ်လ်ကိုဟောနဲ့ အခြား ကျန်းမာရေး ထိခိုက်စေတဲ့ အရာတွေ အလွန်အကျွံ သုံးစွဲထားတဲ့ အမျိုးသားတွေအဖို့ ရုံးပြန်တက်ဖို့ အတော်လေး အဆင်ပြေလောက်ပါပြီ။

Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top