iMyanmarHouse.com - Best Property Website for Myanmar
×

မြေလွတ်တွေ မြောက်မြားစွာ ထွက်ပေါ်လာမယ်

လူတွေအားလုံး သက်သတ်လွတ် စားကြမယ်ဆိုရင် ကမ္ဘာကြီးမှာ မြေလွတ်ဧရိယာ မြောက်မြားစွား ထွက်ပေါ်လာပါလိမ့်မယ်။

ကမ္ဘာမှာ အသားထုတ်လုပ်တဲ့ လုပ်ငန်းအတွက် မြေဧရိယာ စတုရန်း ကီလိုမီတာ ၃၃ သန်း အသုံးပြုထားရပါတယ်။ ဒီ မြေဧရိယာ အကျယ်အဝန်းက အာဖရိကတိုက်နဲ့ တူညီပါတယ်။ မြေလွတ်ဧရိယာတွေ ပြန်လည် ထွက်ပေါ်လာခြင်းဖြင့် စိမ်းစိုတဲ့ သစ်ပင်တွေ စိုက်ပျိုးနိုင်မှာ ဖြစ်ပါတယ်။

ကမ္ဘာကြီးပူနွေးမှု သက်သာစေမယ်

ကမ္ဘာကြီးပေါ်မှာ သစ်ပင်တွေ ပြန်လည် များပြားလာခြင်းကြောင့် ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏကို လျှော့ချနိုင်လာမှာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုရဲ့ ၁၅ ရာခိုင်နှုန်းဟာ အသားထုတ်လုပ်တဲ့ လုပ်ငန်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ ပမဏဟာ တစ်ကမ္ဘာလုံးရှိ လေယာဉ်၊ ရထားနဲ့ ကားတွေက ထုတ်လွှတ်တဲ့ ပမာဏထက် ပိုများပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု လျော့နည်းသွားတဲ့အတွက် ကမ္ဘာကြီး ပူနွေးမှုကိုလည်း သက်သာစေမှာ ဖြစ်ပါတယ်။

ရေသုံးစွဲမှု လျော့နည်းလာမယ်

ကမ္ဘာ့ရေပမာဏ ၇၀ ရာခိုင်နှုန်းကို စိုက်ပျိုးရေးကဏ္ဍအတွက် အသုံးပြုကြပါတယ်။

ဒါပေမဲ့ အသားထုတ်လုပ်မှုအတွက် သုံးရတဲ့ ရေပမာဏက သစ်ပင်တွေ စိုက်ပျိုးရာမှာ အသုံးပြုရတာထက် ပိုများပါတယ်။ အသား တစ်ကီလိုဂရမ် ထုတ်လုပ်နိုင်ဖို့ ရေပမာဏ ၁၅,၀၀၀ လီတာ အသုံးပြုရပြီး အလားတူ အလေးချိန်ရှိ ဟင်းသီးဟင်းရွက်အတွက် ရေပမာဏ ၃၀၀ လီတာသာ သုံးရတယ်လို့ ဆိုပါတယ်။

တိရစ္ဆာန်သားရေ အသုံးအဆောင်များ ပျောက်ကွယ်သွားမယ်

အသားထုတ်လုပ်တဲ့ လုပ်ငန်းတွေ မရှိတော့တာကြောင့် တိရစ္ဆာန်အမျိုးမျိုးရဲ သားရေနဲ့ ပြုလုပ်ထားတဲ့ အသုံးအဆောင် ပစ္စည်းတွေ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။

လူပေါင်း တစ်ဘီလီယံ အလုပ်ဆုံးရှုံးရနိုင်တယ်

အသားထုတ်လုပ်တဲ့ လုပ်ငန်းမှာ အလုပ်လုပ်ကိုင်နေသူ တစ်ဘီလီယံ ရှိပါတယ်။ တစ်ကမ္ဘာလုံး သက်သတ်လွတ် စားမယ်ဆိုရင် အသားထုတ်လုပ်ရေးမှာ လုပ်ကိုင်နေသူ အားလုံး အလုပ်လက်မဲ့ ဖြစ်သွားနိုင်ပါတယ်။

Credit: duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top