iMyanmarHouse.com - Best Property Website for Myanmar
×

သဘာဝခွန်အားဖြည့် အချိုရည်လို့တောင် ခေါ်ဝေါ်နိုင်တဲ့ အုန်းရည်မှာ အစွမ်းသတ္တိတွေ အများကြီး ရှိနေတာကို သိပါသလား။ ခန္ဓာကိုယ်တွင်း လိုအပ်တဲ့ သကြားဓာတ်နဲ့ အခြားခွန်အားဖြည့်အစွမ်းတွေ ရှိနေပါတယ်။ အုန်းရည်ဆိုရင် အုန်းစိမ်းရည်ကို သောက်တာက ပိုပြီး အာနိသင်ရှိတယ်ဆိုတာလည်း မမေ့ပါနဲ့။ ဒါကြောင့် အုန်းရည်သောက်သင့်တဲ့ အကြောင်းရင်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ ရေဓာတ်ဖြည့်နိုင်

ကိုလက်စထရောနဲ့ ကယ်လိုရီ နည်းပါးပြီး အဆီလည်းမပါပါဘူး။ ပိုတက်ဆီယံ ပါဝင်မှုကလည်း ငှက်ပျောသီးထက်တောင် များနေလို့ ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းပေးနိုင်ပါတယ်။

၂။ သွေးဖိအားမှန်စေ

သွေးတိုးရှိရင် အုန်းစိမ်းရည်သောက်ပေးပါ။ သွေးဖိအား (သွေးပေါင်ချိန်)ကို လျော့ကျစေနိုင်ပါတယ်။

၃။ အစာခြေအားကောင်း

အစာခြေဖျက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေကို တိုးတက်ကောင်းမွန်အောင် အုန်းရည်က စွမ်းဆောင်နိုင်ပါတယ်။ အမျှင်ဓာတ်တွေ ပါဝင်နေလို့ အစာအိမ်အချဉ်ပေါက်တာ အစာမကြေတာကိုလည်း မဖြစ်စေပါဘူး။

၎။ ကျောက်ကပ်ကို ကျန်းမာစေ

အငန်များတဲ့ အစားအစာတွေကို စားပါများရင် ကျောက်ကပ်ကို ပျက်စီးစေနိုင်ပါတယ်။ ဆားများများပါတဲ့ အစားစာတွေ စားမိတဲ့အခါ ရေများများပြန်သောက်ပေးဖို့လိုပါတယ်။ ဒါပေမဲ့ ရေထက်အုန်းရည်က ပိုပြီးကောင်းပါတယ်။

၅။ ကိုယ်အလေးချိန်လျော့ကျစေ

မအံ့သြသွားပါနဲ့။ အုန်းစိမ်းရည်သောက်ပြီး ဝိတ်ကျအောင်လုပ်နိုင်တာ တကယ်ပါ။ ဖျော်ရည်ဖျော်ဖို့ သကြားထည့်မယ့်အစား အုန်းရည်နဲ့ အစားထိုးလို့ရပါတယ်။ သကြားနဲ့ရေကို ထည့်ရမယ့်နေရာမှာ အုန်းရည်ကို အသုံးပြုခြင်းက ကိုယ်အလေးချိန်ကို ထိန်းညှိပေးတဲ့အပြင် အမျှင်ဓာတ်တွေကလည်း အစားများများမစားမိအောင် ကူညီထိန်းချုပ်ပေးပါလိမ့်မယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top