iMyanmarHouse.com - Best Property Website for Myanmar
×

အသီးအနှံတွေနဲ့ဟင်းသီးဟင်းရွက်တွေဟာ အစိမ်းစားရင် ပိုအဟာရဖြစ်တယ်လို့ ပြောကြပါတယ်။ ချက်လိုက်တဲ့အခါ ပါဝင်တဲ့ သတ္တုဓာတ်တွေ၊ ဗီတာမင်တွေ လျော့ကျသွားတာကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ ခရမ်းချဉ်သီးကတော့ ခြွင်းချက်ဖြစ်ပါတယ်။ အနီရောင်ရောင်ခြယ် လိုက်ကိုပင်းဟာ ခရမ်းချဉ်သီးကို အရောင်ထောက်ပံ့ပေးထားတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ သူဟာ ကင်ဆာကို ကာကွယ်ပေးနိုင်ပြီး ချက်ပြုတ်လိုက်တဲ့အခါမှာ ပိုတိုးလာပါတယ်။

ဟားဗတ်သိပ္ပံကျောင်းရဲ့ သုတေသနတစ်ခုမှာ လှီးထားတဲ့ ခရမ်းချဉ်သီးတစ်စိတ်ဟာ ၅၁၅ မိုက်ခရိုဂရမ် လိုင်ကိုပင်း ပါဝင်ပြီး ခရမ်းချဉ်သီးဆော့အဖြစ် ချက်ပြုတ်လိုက်ရင်တော့ ၁၃၈၀၀ မိုက်ခရိုဂရမ်ပါဝင်တာကို တွေ့ရပါတယ်။ ဒါကြောင့် ခရမ်းချဉ်သီးကို ဟင်းတွေ၊ စွပ်ပြုတ်တွေ ထဲမှာ ထည့်ပြီးချက်ပြုတ်စားသောက်ခြင်းဟာ အဟာရ ပိုမိုဖြစ်ပါတယ်။

Credit : Duwun

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top