iMyanmarHouse.com - Best Property Website for Myanmar
×

ကယ်လိုရီမပါသော ဘလက်ကော်ဖီအပါအ၀င် ကော်ဖီ သောက်သုံးခြင်းကြောင့် သွေးတွင်းသကြားပါဝင်မှု ပမာဏကို မြင့်တက်စေနိုင်သည်။ ထို့အပြင် ဂရင်းတီးနှင့် အားဖြည့်အချိုရည်များသောက်သုံးခြင်းကြောင့်လည်း သွေးတွင်းသကြားပါဝင်မှုပမာဏကို
 မြင့်တက်စေနိုင်သည်။

သို့သော် ဆီးချိုရောဂါရှိသူများသည် အစားအသောက်များကို တုံ့ပြန်ပုံသည် တစ်ဦးချင်းစီမတူညီကြသဖြင့် မိမိ၏ ခန္ဓာကိုယ်က တုံ့ပြန်ပုံကို သတိထားစောင့်ကြည့်ရန် အရေးကြီးသည်။
သို့သော် ကော်ဖီတွင် ပါဝင်သည့် အခြားဒြပ်ပေါင်းများက ကျန်းမာသောလူများအတွက် အမျိုးအစား (၂) ဆီးချိုရောဂါကို ကာကွယ် ရန် အထောက်အကူပြုသည်။

သကြားမပါသော အစားအစာများတွင် ကာဘိုဟိုက်ဒရိတ် အများအပြား ပါဝင်နိုင်သောကြောင့် ယင်းအစားအစာများကြောင့် လည်း သွေးထဲသကြားပါဝင်မှုပမာဏကို မြင့်တက်စေနိုင်သည်။
အလုပ်တွင် စိတ်ဖိစီးမှုများခြင်းကြောင့် ခန္ဓာကိုယ်မှ သွေးတွင်း သကြားပါဝင်မှုပမာဏကို မြင့်တက်စေနိုင်သော ဟော်မုန်းများကို ထုတ်လုပ်နိုင်သည်။
အသက်ပြင်းပြင်းရှူသွင်း၊ ရှူထုတ်ခြင်းနှင့် လေ့ကျင့်ခန်းများ လုပ်ခြင်းဖြင့် စိတ်ဖိစီးမှုပြေလျော့အောင် လုပ်ဆောင်နိုင်သည်။

ကာဘိုဟိုက်ဒရိတ်များစွာပါဝင်သော မုန့်များ စားသုံးခြင်း ကြောင့်လည်း သွေးတွင်းသကြားပါဝင်မှုပမာဏကို မြင့်တက်စေနိုင် သည်။ ထို့အပြင် အားကစားသမားများ လေ့ကျင့်ခန်းလုပ်ပြီးနောက် ပြန်လည်လန်းဆန်းစေရန် သောက်သုံးသော ဖျော်ရည်များတွင် သကြားဓာတ်များစွာ ပါဝင်သဖြင့် သကြားပါဝင်မှု ပမာဏကို မြင့်တက်လာစေနိုင်သည်။
သစ်သီးခြောက်များတွင် ကာဘိုဟိုက်ဒရိတ်များစွာပါဝင်သော ကြောင့် အများအပြားစားသုံးမှုကို ရှောင်ရှားသင့်သည်။
ရေဆူဆေးပြားများ သောက်ခြင်းကြောင့်လည်း သွေးတွင်း သကြားပါဝင်မှုပမာဏကို မြင့်တက်စေနိုင်သည်။
အအေးမိခြင်းအတွက် သောက်သုံးရသည့် ဆေးဝါးအချို့ ကြောင့် သကြားပါဝင်မှုပမာဏကို မြင့်တက်စေနိုင်သည်။
ထို့အပြင်ဟင်းသီးဟင်းရွက်များ ပိုမိုစားသုံးပေးခြင်းဖြင့်လည်း သကြားပါဝင်မှုပမာဏကို ထိန်းချုပ်ရန် အထောက်အကူပြုနိုင်သည်။ ထို့အပြင် သစ်ကြံပိုးခေါက်စားပေးခြင်းဖြင့်လည်း သကြားပမာဏကို လျှော့ချပေးနိုင်သည်။
ထို့အပြင် အိပ်စက်ချိန်နည်းပါးခြင်းကြောင့်လည်း သကြား ပါဝင်မှုပမာဏကို အပြောင်းအလဲဖြစ်စေနိုင်သည်။
အရက်သောက်ခြင်း၊ အပူချိန်နှင့် မဟော်မုန်းပမာဏမြင့်မား ခြင်းတို့ကြောင့် သွေးတွင်းသကြားပါဝင်မှုပမာဏကို တက်လိုက်၊ကျ လိုက်ဖြစ်စေနိုင်သည်။ သကြားကို အပြီးတိုင်မစားဘဲနေရန် မလိုဘဲ စုစုပေါင်းစားသုံးသော ကာဘိုဟိုက်ဒရိတ်ပမာဏကိုသာ ဆီးချို ရောဂါများ သတိထားထိန်းချုပ်ရန်လိုကြောင်း ကျွမ်းကျင်သူများက ပြောသည်။             

Credit : 7Day Daily

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top