iMyanmarHouse.com - Best Property Website for Myanmar
×

ပင်လယ်ဆား
ပင်လယ်ဆားကနေ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရရှိနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ရေဓါတ်ကို ပုံမှန်လည်ပတ်နိုင်အောင် ပြုလုပ်ပေးပြီး ဆဲလ်တွေအတွင်းက pH ညီမျှမှုကိုလည်း တိုးမြင့်ပေးနိုင်တဲ့အပြင် အူအတွင်းမှာလည်း အစားအစာတွေလည်း စုပ်ယူမှုအားကောင်းစေပါတယ်။

အိပ်ယာနိုးနိုးခြင်း ၅ မိနစ်အတွင်း အစာအိမ်ထဲမှာ ဘာအစာမှမရှိခင် ပင်လယ်ဆားပျော်ရည် သောက်သုံးပေးခြင်းက သဘာဝနည်းအတိုင်း အူဆေးခြင်းဖြစ်ပါတယ်။ တစ်ပတ်ခန့် မိုးလင်းတိုင်း ဆားပျော်ရည်သောက်သုံးပေးခြင်းကို တစ်လကို တစ်ကြိမ်ခန့် ပြုလုပ်ပေးသင့်ပါသတဲ့။

သံပုရာရည်

သံပုရာရည်မှာ ပါတဲ့ ပိုးမွှားသန့်စင်ပေးနိုင်တဲ့ ဓါတ်ဟာ ခန္ဓာကိုယ်အတွင်း အန္တာရာယ်ပေးနိုင်တဲ့ ဘက်တီးရီးယားတွေကို တိုက်ခိုက်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ သံပုရာရည်ဟာ အူတွင်းမှာရှိတဲ့ မကောင်းတဲ့ပိုးမွှားတွေကို လျော့နည်းသွားအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။
တစ်နေ့ကို ၂ ကြိမ်ခန့် နေ့စဉ်သောက်သုံးပေးသင့်ပါတယ်။ မနက်ပိုင်းအိပ်ယာထချိန်နဲ့ ညစာမစားခင် ၂ နာရီအလိုလောက်မှာ သောက်သုံးဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။

ဂျင်းနဲ့ ပန်းသီး ဖျော်ရည်

ဂျင်းက ကမ္ဘာပေါ်မှာ အများဆုံးအသုံးပြုတဲ့ ခံတွင်းလိုက်စေတဲ့ အစားအစာဖြစ်ပါတယ်။ အိန္ဒိယနဲ့ တရုတ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း  ၅ ထောင်ကျော်ကတည်းက အစားအစာတွေမှာ ထည့်သွင်းပြီး စားသုံးခဲ့ကြတဲ့ ဆေးဘက်ဝင်အစားအစာမျိုးဖြစ်ပါတယ်။

ပန်းသီးကတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပြဿနာတော်တော်များများကို ဖြေရှင်းပေးနိုင်ပြီးး ဓါတ်တိုးပစ္စည်းများ၊ အမျှင်ဓါတ်နဲ့ ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်တဲ့ Phytochemicals တွေ အများကြီးပါဝင်တဲ့ အသီးအနှံဖြစ်ပါတယ်။

Phytochemicals က ကိုလက်စထရောနဲ့ အထူးသဖြင့် အူမကြီးကင်ဆာဖြစ်စေနိုင်တဲ့ ဆဲလ်တွေတိုးပွားမှုကိုလည်း ကာကွယ်ပေးနိုင်တဲ့အတွက် အကျိုးကျေးဇူးတွေအများကြီိး ပေးနိုင်တာကြောင့် ဂျင်းနဲ့ပန်းသီး ရောစပ်ထားတဲ့ ဖျော်ရည်ကို နေ့စဉ်သောက်သုံးပြီးလည်း အူဆေးခြင်းတွေ ပြုလုပ်နိုင်ပါတယ်။

Credit:ThitHtooLwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top