iMyanmarHouse.com - Best Property Website for Myanmar
×

ခန္ဓာကိုယ် အနေအထား ပုံစံ မမှန်တာက ချက်ချင်းမသိသာပေမဲ့ ရေရှည်မှာ အရမ်းကို ထိခိုက်စေတတ်ပါတယ်။ ကိုယ့်ရဲ့ ပုံပန်းသွင်ပြင်ကို ထိခိုက်စေသလို ကျန်းမာရေးကိုလည်း ချို့ယွင်းလာစေတတ်ပါတယ်။ ခန္ဓာကိုယ် ပုံစံ အနေအထားက လူတစ်ယောက်ရဲ့ အနေအထားကို အများကြီး ပြောပြနိုင်ပါတယ်။

ကိုယ်ကို မတ်မတ်ထားပြီး ပုံစံကျနေတဲ့သူက မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိတယ်ဆိုတာကို ပြနေတာ ဖြစ်ပါတယ်။ ခန္ဓာကိုယ် လျော့တိလျော့ရဲ ဖြစ်တာ ၊ ကိုင်းနေ ၊ကုန်းနေတာမျိုးတွေက သက်သာသလိုနေရင်းနဲ့ အကျင့်ပါသွားတာဖြစ်ပြီး ခန္ဓာကိုယ် အလေးချိန်များခြင်း၊ စိတ်ဖိစီးမှုများခြင်းနဲ့ အထိုင်များခြင်းတို့က ကျောရိုး ကြွက်သားတွေကို အားနည်းစေတဲ့အတွက် ပုံစံမကျ ဖြစ်လာတာ ဖြစ်ပါတယ်။

ဒါကို ပြုပြင်နိုင်ဖို့အတွက် လေ့ကျင့်ခန်း လုပ်ရပါမယ်။ ပထမဆုံး ကြမ်းပြင်ပေါ်မှာ မှောက်နေပါ။ပြီးရင် ခေါင်းကို အသုံးပြုပြီး ခန္ဓာကိုယ် အရှေ့ပိုင်းကို ဖြေးဖြေးချင်း ကြွရပါမယ်။ကိုယ် အဆင်ပြေတဲ့ အမြင့်ထိရောက်အောင် ကြွရမှာ ဖြစ်ပါတယ်။အရမ်း ကြီးမလုပ်ရပါဘူး။သက်တောင့် သက်တာ အနေအထားနဲ့ပဲ လုပ်ပါ။

လက်မောင်းတွေကို ခန္ဓာကိုယ်ရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာထားပြီး လက်ဖျားပိုင်းကို တင်ပါးပေါ်မှာ ထားရပါမယ်။ ဒီ လေ့ကျင့်ခန်းက နောက်ကျောနဲ့ ခြေထောက်က ကြွက်သားတွေရဲ့ တင်းအားကို လျော့နည်းစေမှာ ဖြစ်ပါတယ်။လေ့ကျင့်ခန်းက ၁၀ မိနစ်ကြာလုပ်ရမှာ ဖြစ်ပေမဲ့ ပထမဆုံး အကြိမ်လုပ်တဲ့အခါမှာတော့ ၁၀ ကြိမ်လောက်ဆိုရင် လုံလောက်ပြီ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို နေ့စဉ် ပုံမှန်လုပ်ခြင်းက ကျောရိုးကို ပြန်လည် သန်စွမ်းစေပြီး ပြန်မတ်လာစေမှာ ဖြစ်ပါတယ်။

Credit: Trend Myanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top