iMyanmarHouse.com - Best Property Website for Myanmar
×

လူတိုင်းဟာ အရွယ်တင်နုပျိုချင်ကြတာ သဘာဝပဲ ဖြစ်ပါတယ်။ အရွယ်တင်နုပျိုစေဖို့ အသားအရေ ထိန်းသိမ်းမှုက အရေးပါသလို နေ့စဉ် စားသောက်နေတဲ့ အစားအသောက်တွေကလည်း အလွန် အရေးကြီးပါတယ်။ အခုဖော်ပြထားတဲ့ အစားအသောက် (၅) မျိုးက သင့်ရဲ့ ရုပ်ရည်ကို ရှိရင်းစွဲ အသက်ထက် ပိုမို အိုမင်းရင့်ရော်ပုံပေါက်စေတာကြောင့် သတိထားသင့်ပါတယ်။

၁။ အချိုဓာတ်

အချိုဓာတ်ကကျန်းမာရေးအတွက်အဓိက ပြဿနာဖြစ်စေတဲ့အစားအစာ ဖြစ်ပါတယ်။အချိုအစားများမှုကြောင့်
 နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေ ခံစားရနိုင်သလို ရှိရင်းစွဲအသက်ထက် ပိုပြီး အိုးမင်းရင့်ရော်နေဟန်လည်း ဖြစ်စေတယ်လို့ သုတေသီတွေက ဆိုပါတယ်။ အချိုအစားများခြင်းကြောင့် ခန္ဓာကိုယ်တွင်း အင်ဆူလင် မြင့်တက်ကာ အိုးမင်းရင့်ရော်တဲ့ အသားအရေ ဖြစ်စေပါတယ်။ ဒါ့ပြင် အချိုအစားများခြင်းကြောင့် သွားများ ပျက်စီးမှုဖြစ်တတ်ပြီး ပြုံးရယ်တဲ့အခါ အိုမင်းတဲ့ပုံစံ ဖြစ်နေတတ်ပါတယ်။

၂။ ဂျုံ

ဂျုံနဲ့ပြုလုပ်ထားတဲ့ မုန့်တွေ အစားများခြင်းက အသားအရေကို ထိခိုက်နိုင်ပြီး အိုမင်းရင့်ရော်ပုံပေါက်စေပါတယ်။ဂျုံမှာပါဝင်တဲ့ Amylopectin-A က သွေးအတွင်း သကြားဓာတ်ပမာဏ မြင့်တက်စေပါတယ်။ သွေးအတွင်း သကြားဓာတ်ပမာဏ မြင့်တက်မှုက အရေးအကြောင်းတွေ ပုံမှန်ထက်စောပြီး ဖြစ်ပေါ်လာကာ အမှန်တစ်ကယ် အသက်ထက် အိုမင်းရင့်ရော်တဲ့ ပုံစံဖြစ်စေပါတယ်။

၃။ ကော်ဖီ

ကော်ဖီကို လူအများအပြား နှစ်သက်ကြပါတယ်။ ဒါပေမဲ့ ကော်ဖီကလည်း လူတစ်ယောက်ရဲ့ အသားအရေကို ရှိရင်းစွဲ အသက်ထက် ပိုမို အိုမင်းရင့်ရော်ပုံ ပေါက်စေပါတယ်။
ကော်ဖီသောက်ခြင်းက ဆီး မကြာခဏသွားစေပါတယ်။ ကော်ဖီ အများအပြား သောက်လေ့ရှိသူဟာ ဆီးမကြာခဏ သွားရပြီး ခန္ဓာကိုယ်တွင်း ရေဓာတ်ကုန်ဆုံးမှုနှုန်း ပိုမြန်လာပါတယ်။ ဒီ အခြေအနေမှာ လုံလောက်တဲ့ ရေဓာတ် ပြန်လည်ဖြည့်တင်းမှု မရှိပါက အသားအရေ မွဲခြောက်ပြီး အိုမင်းရင့်ရော်စေပါတယ်။

၎။ ပြောင်းဖူး

လူတွေ နေ့စဉ် စားလေ့ရှိတဲ့ အစားအစာထဲမှာ ပြောင်းဖူးလည်း ပါဝင်ပါတယ်။ပြောင်ဖူး စားသောက်ကုန် အမျိုးမျိုးက အိုးမင်းရင့်ရော်ခြင်းကို ဖြစ်စေပါတယ်။ ပြောင်းဖူးစားခြင်းက သွေးအတွင်း သကြားဓာတ်ပမာဏ မြင့်တက်ပြီး အသားအရေကို သက်ရောက်မှုရှိကာ အိုမင်းရင့်ရော်ပုံပေါက်စေပါတယ်။

၅။ အရက်

အရက်သောက်ခြင်းကြောင့် အိုးမင်းရင့်ရော်ပုံပေါက်စေပါတယ်။ အရက်မှာ သကြားဓာတ် အလွန်မြင့်မားစွာ ပါဝင်ပြီး အရေပြားအတွင်းရှိ elastin နဲ့ collagen ကို သက်ရောက်မှုရှိပါတယ်။ဒါ့ပြင် အရက်သောက်ခြင်းကြောင့် ရေဓာတ်ခန်းခြောက်မှုလည်း ဖြစ်စေပြီး အသားအရေ မွဲခြောက်ကာ ပုံမှန်ထက် အိုမင်းရင့်ရော်စေပါတယ်။ အရက်သောက်ခြင်းက အိပ်စက်မှုကိုလည်း အနှောင့်အယှက် ဖြစ်စေပါတယ်။ ကောင်းမွန်စွာ အိပ်စက်နိုင်ခြင်း မရှိသူတွေဟာ ပိုပြီးတော့ အိုမင်းရင့်ရော်ပုံပေါက်နေတတ်ပါတယ်။

Credit : Duwun

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top