iMyanmarHouse.com - Best Property Website for Myanmar
×

ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိမှုအရ ဗီတာမင် D ဖြည့်စွက်မှုက နှလုံးရောဂါရှိသူတွေကို အကူအညီ ဖြစ်စေနိုင်ကြောင်း သိရပါတယ်။ နှလုံးရောဂါရှိသူ ၁၆၃ ဦးကို ဗီတာမင် D ဖြည့်စွက်ပေးရာမှာ ၎င်းတို့ရဲ့ နှလုံးမှ သွေးညှစ်အား တိုးတက်လာပြီး ခန္ဓာကိုယ်အနှံ့ သွေးရောက်ရှိလည်ပတ်မှု ပိုကောင်းလာတယ်လို့ လေ့လာမှုက ဆိုပါတယ်။

လေ့လာမှုမှာ ပါဝင်တဲ့ နှလုံးရောဂါရှိသူတွေ အသက် ၇၀ အရွယ်ဖြစ်ကြပြီး သူတို့ဟာ နွေရာသီကာလမှာပင် နေရောင်ခြည်မှတစ်ဆင့် ဗီတာမင် D ရရှိမှု လျော့နည်းခဲ့ကြာင်း တွေ့ရပါတယ်။ နှလုံးကောင်း မကောင်းကို အဓိက တိုင်းတာရာမှာ နှလုံးတစ်ကြိမ်ခုန်စဉ်မှာ နှလုံးရဲ့ အခန်းတွေဆီကို ညှစ်ထုတ်လိုက်တဲ့ သွေးပမာဏအပေါ် အခြေခံပါတယ်။

ပညာရှင်တွေရဲ့ ပြောကြားချက်အရ ကျန်းမာရေးကောင်းမွန်တဲ့ အရွယ်ရောက်ပြီးသူ တစ်ဦးရဲ့ နှလုံးဟာ သွေးပမာဏ ၆၀ မှ ၇၀ ရာခိုင်နှုန်းကို ညှစ်ထုတ်ပေးနိုင်ပြီး နှလုံးရောဂါ ရှိနေသူတွေမှာတော့ သွေးပမာဏ ၂၅ ရာခိုင်နှုန်းကျော်သာ ညှစ်ထုတ်ပေးနိုင်ပါတယ်။ နှလုံးရောဂါ ရှိနေသူတွေကို ဗီတာမင် D ဆေးဝါးများ ဖြည့်စွက်ပေးရာမှာတော့ ၎င်းတို့ရဲ့ နှလုံးက ညှစ်ထုတ်ပေးနိုင်တဲ့ သွေးပမာဏဟာ ၂၆ ရာခိုင်နှုန်းမှ ၃၄ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း တွေ့ရပါတယ်။

ဗီတာမင် D ကို နေရောင်ခြည်မှ အဓိက ရရှိနိုင်သလို အဆီများတဲ့ငါး၊ ကြက်ဥနဲ့ ကွေကာတို့မှလည်း ရရှိနိုင်ပါတယ်။ ဗီတာမင် D ဟာ အရိုးနဲ့သွားများ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်ပြီး ခန္ဓာကိုယ်အတွက် ကျန်းမာရေး ကောင်းကျိုးတွေလည်း ရှိနေပေမဲ့ လူအများအပြားဟာ ဗီတာမင် D လုံလောက်စွာ မရှိကြဘူးလို့ ပညာရှင်တွေက ပြောပါတယ်။

Credit : Duwun

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top