iMyanmarHouse.com - Best Property Website for Myanmar
×

Kendall Jenner (ကန်ဒဲလ်ဂျင်နာ) က Lakers ကစားသမား ဂျော်ဒန်ကလက်ဆင်နဲ့သတင်းတွေထွက်ပေါ်နေပြီး သူတို့တွေဟာ တိတ်တဆိတ် တွဲခုတ်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၀ရက်နေ့ကလည်း အသက် ၂၀ ရှိပြီဖြစ်တဲ့ မော်ဒယ်လ် ကန်ဒဲလ်နဲ့ အသက်၂၃နှစ်အရွယ် ဘတ်စကက်ဘော ကစားသမားတို့ဟာ အနောက်ဟောလိဝုဒ်ရဲ့နာမည်ကျော်တွေစုစည်းရာနေရာဖြစ်တဲ့ The Nice Guy မှာ အတူတွဲခုတ်လာခဲ့ပါတယ်။ဂျော်ဒန်ရဲ့ အသင်းက Miami Heat ကို နှစ်မှတ်နဲ့အနိုင်ရပြီးနောက်မှာ အတူရှိနေခဲ့တာဖြစ်ပါတယ်။

US Weeklyရဲ့အဆိုအရ နာမည်ကျော်အတွဲဟာ အတူရောက်လာခဲ့ချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ရီမောနေကြပြီးအကြည်ဆိုက်နေတယ်လို့ သိရပါတယ်။ကန်ဒဲလ်က လယ်သာဘောင်းဘီနဲ့ ပါပါရာဇီတွေကို ကာကွယ်ဖို့ ကြက်သွေးရင့်ရောင် ကုတ်အင်္ကျီကို ၀တ်ဆင်ထားပါတယ်။ပြီးတဲ့နောက်မှာတော့ စုံတွဲဟာ တစ်ဦးချင်းသီးခြားထွက်ခွာခဲ့ပါတယ်။

သတင်းတွေကတော့ အဆိုပါအချစ်ဇာတ်လမ်းက လပိုင်းလောက်ကြာမြင့်နေပြီလို့ဆိုပါတယ်။
ပြီးခဲ့တဲ့မတ်လ ၁၆ရက်နေ့တုန်းကလည်း အစ်မဖြစ်သူ ကိုင်လီ ဂျင်နာနဲ့အတူ ဘတ်စကက်ဘောပြိုင်ပွဲကို လာရောက်ကြည့်ရှုခဲ့ပါသေးတယ်။

အတွင်းသိတစ်ယောက်ကတော့ “သူတို့နှစ်ယောက်က ပြီးခဲ့တဲ့လပိုင်းတွေထဲက တိတ်တဆိတ်
တွဲခုတ်ခဲ့ကြတာပါ တစ်ယောက်ချင်းစီကလည်းတကယ်ထိပ်တန်းတွေပါပဲ ဂျော်ဒန်က တကယ်ကို ချိုသာဖော်ရွေပြီး လူကြီးလူကောင်းပီသတယ် ကန်ဒဲလ်ကလည်း အဲဒါကိုသဘောကျတယ်”လို့ ဆိုပါတယ်။

ကန်ဒဲလ်ဟာ One Directionအဖွဲ့သား ဟာရီစတိုင်လ်နဲ့ ဆက်ဆံရေးကို ပြီးခဲ့တဲ့လပိုင်းက ရပ်တန့်ခဲ့ပြီး အဆုံးသတ်ခဲ့ပါတယ်။ “သူမ ဟာရီ့ကို သဘောကျတယ် ဒါပေမယ့် သူကအခြားငွေကြယ်ပွင့်တွေလိုပဲ အခက်အခဲတွေ ကျူးလွန်ထားပုံပဲ”လို့ သတင်းရင်းမြစ်တစ်ခုကဆိုပါတယ်။

ကန်ဒဲလ်နဲ့ဟာရီကို နောက်ဆုံးအကြိမ်အတူတွဲပြီးတွေ့ခဲ့တာက ဒီဇင်ဘာတုန်းက Anguilla မှာ ခရီးထွက်နေစဉ်ဖြစ်ပါတယ်။

Credit : ThitHtooLwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top