iMyanmarHouse.com - Best Property Website for Myanmar
×

လစဉ်ပုံမှန်ရာသီစက်ဝန်းရပ်တန့်သွားတဲ့အတွက် ရာသီသွေးဆုံးချိန်ဟာ အမျိုးသမီးများရဲ့ မျိုးပွားမှုကာလ ရပ်တန့်ချိန် ဖြစ်ပါတယ်။ ရာသီသွေးဆုံးရင် ကလေးလုံးဝ မရနိုင်တော့တာကြောင့် အမျိုးသမီးများအတွက် ကြောက်စရာတစ်ခုလို ဖြစ်လာပါတယ်။

ကလေးမွေးဖွားဖူးတဲ့ အမျိုးသမီးများ၊ အသက် ၄၀ အရွယ်ရှိအမျိုးသမီများအတွက်တော့ ပြဿနာမဖြစ်လောက်ပေမဲ့ အံ့သြစရာကောင်းတာက အသက် ၂၀ - ၃၀ အရွယ်ရောက်တာနဲ့ ရာသီသွေးဆုံးနေကြပါတယ်။  ဘဝရှင်သန်နေထိုင်ပုံ နေထိုင်နည်းအမျိုးမျိုး၊ အလုပ်ကြောင်းစိတ်ဖိစီးမှုအမျိုးမျိုးနှင့် အခြားပြဿနာတွေ ဒုနှင့်ဒေးရှိနေတဲ့ မြို့ပြလူမှုအသိုင်းအဝိုင်းထဲမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ရာသီသွေးဆုံးမှု အများအပြားဖြစ်နေကြပါတယ်။

ဒါကြောင့်မို့ ရာသီသွေးမဆုံးမီဖြစ်ပေါ်တတ်တဲ့ ရှေ့ပြေးသင်္ကေတများကို သိထားဖို့လိုပါတယ်။ ဒါမှသာလျှင် ဟော်မုန်း ကုသမှုနည်းလမ်းနှင့် တားဆီးကာကွယ်နိုင်မှာဖြစ်ပြီး အဲဒီလိုဖြစ်လာရတဲ့ အကြောင်းတရားကို သိရှိမှာဖြစ်တယ်။

မအင်္ဂါ ခြောက်သွေ့လာခြင်း

ကလေးမွေးတဲ့အသက်အရွယ်မှာ ရာသီသွေးပုံမှန်လာနေတာကြောင်း မအင်္ဂါ ချောအိနေပါတယ်။ သို့သော် မအင်္ဂါခြောက်သွေ့လာတဲ့အခါ ဒါမှမဟုတ် မိန်းမဓမ္မတာရည်လာတာခက်ခဲလာရင် တော့ ရာသီသွေးဆုံးဖို့ စတင်ဝင်ရောက်နေပြီဖြစ်တယ်။

ကိုယ်ပူလာခြင်း

ပုံမှန်မဟုတ်တဲ့ကိုယ်ပူလောင်ခြင်းမျိုးကို ခံစားရလျှင် ဒါမှမဟုတ် သင့်နားတွေ ပူလောင်နေပါက ဆရာဝန်နှင့် ချက်ချင်းတွေ့ဆုံပြီး တိုင်ပင်ပါ။

စိတ်ခံစားချက် ပြောင်းလဲခြင်း

ရာသီသွေးဆုံးမယ့်ချိန်မှာ စိတ်ခံစားချက် ထပ်ကာတလဲလဲ ပြောင်းလဲခြင်းများ ဖြစ်ပေါ်ပြီး စိတ်အားညှိုးငယ်ခြင်း စိတ်ထဲမှာ ဘာမှမရှိသလိုမျိုး ခံစားရပါတယ်။ တစ်ခါတစ်ရံမှာ စိတ်ဓါတ်ကျဆင်း မှုလည်း ဖြစ်ပေါ်တတ်ပါတယ်။

အိပ်စက်မရဖြစ်စေခြင်း

ရာသီသွေးဆုံးတော့မယ်ဆိုရင် အိပ်စက်မရခြင်း၊ အိပ်စက်မှုအခြေအနေပြောင်းလဲ တတ်ပြီး မျိုးပွားစနစ်ကို ထိခိုက်စေပါတယ်။

ကာမဂုဏ်မွေ့လျော်တဲ့စိတ် ဆုတ်ယုတ်ပျက်ပြယ်လာခြင်း

ကာမဂုဏ်ပျော်မွေ့စိတ် ဆုတ်ယုတ်ပျက်ပြယ်လာ တာဟာ ရာသီသွေးဆုံးတော့မယ့် အမှတ်လက္ခဏာဖြစ်ပါတယ်။

ရာသီသွေး မူမမှန်လာခြင်း

ပုံမှန်အားဖြင့် ရာသီသွေးဆုံးတော့မယ်ဆိုရင် ရာသီသွေးစက်ဝန်း မူမမှန်လာခြင်း၊ ခဏခဏလာတတ်ပြီး နောက်ဆုံးမှာ လုံးဝရပ်တန့်သွားပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top