iMyanmarHouse.com - Best Property Website for Myanmar
×

သင့်ချစ်သူက အလုပ်ကြောင့်ပဲဖြစ်ဖြစ်၊ မိသားစုကိစ္စတွေကြောင့်ပဲဖြစ်ဖြစ်၊ အခြားလူမှုရေးကိစ္စတွေကြောင့် စိတ်ဓာတ်ကျနေတယ်ဆိုတာ သင်သိတာနဲ့ သင့်အနေနဲ့ ပြုလုပ်ပေးနိုင်တဲ့ အရာတွေ ရှိနေပါတယ်။ သင့်ဘက်က သူ့အပေါ် ဂရုစိုက်၊ နားလည်မှုပေးနိုင်မယ်ဆိုရင် သူ ခံစားနေရတာတွေဟာ ထက်ဝက်မက သက်သာသွားပါလိမ့်မယ်။ ဒီတော့ ကိုယ့်ချစ်သူ စိတ်ပျက်အားငယ်နေချိန်၊ စိတ်ဓာတ်ကျနေချိန်မှာ သူ့အတွက် သင်လုပ်ဆောင်ပေးရမှာတွေက

၁။သူ့ဘက်မှာ အပြည့်အ၀ရှိနေပါစေ။

သူခံစားနေရတာတွေကို နားထောင်ရင်း မင်း ဒီလိုမလုပ်သင့်ဘူး၊ ဘာလို့ အဲ့ဒါတွေ ပြောခဲ့ရတာလဲဆိုပြီး အပြစ်တင်ရမယ့် အချိန်မဟုတ်ပါဘူး။ သင်ကိုယ်တိုင်က သူ့ဘက်မှာ အပြည့်အ၀ရှိနေပေးရမယ့် အချိန်ဆိုတာ မမေ့ပါနဲ့။ ဒါ့အပြင် သူပြောတာတွေကို သင်နားထောင်ပေးရမယ့် အချိန်ပါ။ သင်ပြောတာတွေကို သူ့ကို နားမထောင်ခိုင်းပါနဲ့။ နောက်တစ်ချက်က သူ့ကို ယုံကြည်ပေးလိုက်ပါ။ သူ့ကို နားလည်ယုံကြည်ပေးတယ်ဆိုတဲ့ ခံစားချက်ကို သူခံစားရရင် သူ့စိတ်ထဲ နာကျင်နေသမျှတွေ လျော့နည်းသွားပါလိမ့်မယ်။ အနည်းဆုံး သူ့ဘေးမှာ သင်အမြဲရှိနေတယ်ဆိုတာကို သူသိပါစေ။ သူဘယ်နေရာမှာရှိရှိ သင်သွားတွေ့ပါ။ တစ်ယောက်နဲ့တစ်ယောက်လည်း ပွင့်ပွင့်လင်းလင်း ပြောဆိုပါ။

၂။ သူ့ပုံစံပြောင်းလဲနေသည့်တိုင် နားလည်ဆက်ဆံပေးပါ။

စိတ်ဓာတ်ကျနေသူတွေဟာ သာမာန်အချိန်တွေနဲ့မတူပဲ စကားပြောဆိုဆက်ဆံရတာ အဆင်မပြေ ဖြစ်နေတတ်ပါတယ်။ စိတ်အလိုမကျ ဖြစ်နေတာမျိုးတွေလည်း ရှိနေပါလိမ့်မယ်။ ဒါကို သင့်အနေနဲ့ နားလည်ပေးနိုင်ဖို့ အရေးကြီးပါတယ်။

၃။သူခံစားနေရတာတွေ သက်သာဖို့အတွက် သူနေသာသလို နေနိုင်ကြောင်းပြောပါ။

 စိတ်ဓာတ်ကျနေသူ အများစုဟာ ဘယ်မှမသွားချင်၊ ဘာမှမလုပ်ချင်သလို ဖြစ်နေတတ်ကြပါတယ်။ တစ်ခါတစ်လေ ငိုနေတတ်တာမျိုးတောင် ရှိတတ်ပါတယ်။ သင့်ချစ်သူက ခုလိုမျိုး ဖြစ်နေတယ်ဆိုရင် သင့်အနေနဲ့ စိတ်တိုဒေါသမထွက်ပါ နဲ့။ ငါနဲ့မတွေ့ချင်တာ ဘာ့ကြောင့်လဲ ဆိုပြီးတော့လည်း မတွေးပါနဲ့။ ခုလို ဖြစ်နေတာ သူစိတ်ဓာတ်အကြီးအကျယ် ကျနေလို့ပါ။ ဒီတော့ ဒါကိုအပြစ်မမြင်ပဲ သူတစ်ယောက်တည်းနေချင်တယ်ဆို ပေးနေလိုက်ပါ။ သူမသွားချင်ဘူးလို့ ငြင်းရင် အပြင်ကို ခေါ်မထုတ်ပဲ နားလည်ပေးဖို့ လိုပါတယ်။

၎။သူ့လူမှုရေးကိစ္စတွေကို သင်တတ်နိုင်သလောက် လုပ်ဆောင်ပေးပါ။

သူ တစ်နေရာ မသွားနိုင်ဘူး၊ သူတွေ့ရမယ့် မိတ်ဆွေတွေနဲ့ မတွေ့နိုင်ဘူးလို့ ထင်ရင် သင် သူ့ကိုယ်စား သွားရောက်တွေ့ဆုံပေးရမလားဆိုတာ သူ့ကိုမေးကြည့်လိုက်ပါ။ သူက အိုခေ ဆိုရင်တော့ သူ့အတွက် သင်လုပ်ပေးနိုင်သလောက် လုပ်ပေးဖို့ လိုပါတယ်။

၅။သူ့ဘေးမှာ သင်အမြဲရှိပေးမယ်ဆိုတာကို သူသိအောင် လုပ်ပါ။

သူစိတ်ဓာတ်ကျနေချိန် သူ့ဘေးမှာ သင်ရှိပေးနေခြင်းက သူ့အတွက် အားအင်ပါပဲ။ ဒါကို မငြူစူပါနဲ့။ အရင်တုန်းက အလုပ်တွေ များလို့ သူ့ကို ဂရုစိုက်မပေးနိုင်ခဲ့ရင်တောင် ခုလို အချိန်မျိုးမှာ သူ့ဘေးမှာ ရှိပေးဖို့၊ သူ အားငယ်နေချိန် မှီနားဖို့ သင့်ပခုံးတစ်ဖက် အဆင်သင့်ရှိနေပါစေ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top