iMyanmarHouse.com - Best Property Website for Myanmar
×

မိမိချစ်သူနဲ့ တစ်သက်လုံးမခွဲရဘဲ အိုအောင် မင်းအောင် ပေါင်းသင်းရမှာ အမှန်ပါ။

အဆောင် (၁) ကိုယ်ကျင့်တရား
ကိုယ်ကျင့်တရားကောင်းမွန်ရပါမယ်. တစ်ယောက်မကြိုက်တာ တစ်ယောက်မလုပ်ပါနဲ့။ အတူတူ ဘုရားသွားကျောင်းတက် ကောင်းမှုတွေ အတူတူ ပြုခဲ့ဖူးရပါမယ်..

အဆောင် (၂) ယုံကြည်မှု
တစ်ယောက်နဲ့ တစ်ယောက် ယုံကြည့်မှုတွေရှိရမယ်. မိမိချစ်သူအပေါ်မှာ သစ္စာရှိရမယ် ရိုးသားရမယ်. မလိုအပ်တဲ့ သံသယတွေ မရှိရဘူး.သံသယရှိလာရင် မေးမြန်းစုံစမ်း၊ ညှိနှိုင်းဆွေးနွေးပြီး သံသယတွေကို ဖြည်ဖျောက်ပါ.. ဒီအဆောင်ကို နှစ်ဦးစလုံး ဆောင်ထားရမှာပါ..

အဆောင် (၃) ပေးကမ်းခြင်း ရှိရမယ်
သွားအတူ၊ စားအတူ အခါမျိုးမှာ ကိုယ်ချည်းပဲ ကျွေးနေရတာမျိုး၊ သူချည်းပဲ ကျွေးနေရတာမျိုး တစ်ဖက်သက် မဟုတ်ဘဲ၊ မေတ္တာခေါင်းပါးတဲ့ လုပ်ရပ်မျိုးကို ရှောင်ရပါမယ်.. သူတစ်လှည့်ကျွေးလိုက် ကိုယ်တစ်လှည့်ကျွေးလိုက်နဲ့ မေတ္တာမျှပြီး ဝေစားမျှစားဖြစ်နေရမှာပါ။ သူနဲ့ပါတ်သက်တဲ့ ဆွေမျိုး၊ မိတ်ဆွေ အပေါင်းအသင်းတွေ အပေါ် ပေးကမ်းစောင့်ရှောက်ရပါမယ်။ ဒါတွေက ကွန်ယက်သဖွယ် ဆက်နွယ်နေပါတယ်..

၎။ အဆောင် ပညာ
ပညာဆိုတဲ့ နေရာမှာ တစ်ယောက်နဲ့တစ်ယောက် အသိပညာ အတတ်ပညာ အမြင် အယူအဆ တွေတူမျှနိုင်ရင် ကောင်းပါတယ်.. အမှားအမှန် အဆိုးအကောင်းကို အကျိုးသင့် အကြောင်းသင့် နားလည်နိုင်ရပါမယ်. ကောင်း၏ မကောင်း၏ ခွဲခြားသိပြီး တစ်ယောက်ကို တစ်ယောက် ထိန်းသိမ်းစောင့်ရှောက် ရပါမယ်.
ဒီအဆောင် လေးခုသာ ဆောင်နိုင်မယ်ဆိုရင် ဒီဘဝမှာလည်း ရွှေလက်တွဲ့လို့ မြဲမြံကြသလို ဖြစ်လေရာဘဝ အတူဆုံတွေ့နိုင်ကြပါလိမ့်တယ်..

 Credit : သာသနာနွယ် ဆရာတော်

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top