iMyanmarHouse.com - Best Property Website for Myanmar
×

သင့်ရဲ့စိတ်ခံစားချက်က အမြဲတမ်း သင့်ရဲ့ကျိုးကြောင်းဆီလျော်တဲ့အတွေးအခေါ်ကို ဖုံးအုပ်ထားတာခံနေရပြီ။ အဲဒီလို ဖြစ်ရတဲ့ အကြောင်းရင်းက ခံစားချက်တွေကြောင့် သင့်မှာ အာရုံစုစည်းဖို့ ခက်ခဲနေလို့ပါပဲ။

အောက်ပါလက္ခဏာရပ်တွေအတိုင်း သင်ဖြစ်နေပြီဆိုရင် အဲဒီလို သင့်ကို ဖြစ်စေတဲ့ လူ ဒါမှမဟုတ် လက်ရှိအလုပ် ဒါမှမဟုတ် အတိတ်ဖြစ်ရပ်ကို ဘယ်လောက်ပဲ တွယ်တာပါစေ သင့်ဘဝထဲက ထုတ်ဖယ်သင့်ပါပြီ။

၁။ သင်မဟုတ်တဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲဖို့ သင့်ရဲ့ကိုယ်ပိုင်တန်ဖိုးကို စွန့်လွှတ်ရမယ့်အချိန်

ဘဝမှာ သင့်ရဲ့ ကိုယ်ပိုင်တန်ဖိုးနဲ့ သင့်အမြင်ဟာ သင်ဘယ်သူဆိုတာ ပြုလုပ်ပေးနေတဲ့ အရာဖြစ်တယ်။ သင့်ရဲ့အလုပ် ဒါမှမဟုတ် သင့်ချစ်သူ ဒါမှမဟုတ် သင့်သူငယ်ချင်းက သင်မဟုတ်တဲ့ လူတစ်ယောက်အဖြစ် သင့်ကို ပြောင်းလဲပစ်ချင်တယ်ဆိုရင် ဘယ်တော့မှ မကြိုးစားပါနဲ့။ သင်ဟာ ဘယ်တော့မှ အစစ်အမှန် ဖြစ်လာမှာ မဟုတ်ပါဘူး။

၂။ သင့်ရဲ့ယုံကြည်မှုတွေ ဆက်တိုက်ပျက်စီးနေချိန်

တစ်စုံတစ်ယောက်ကို သင် နှစ်သက် မြတ်နိုးမိတဲ့အခါ သင့်မှာ ခုခံနိုင်စွမ်းရည် နည်းပါးသွားပြီ။ အချစ်ဆိုတာ ကိုယ့်ကို နာကျင်အောင် လုပ်ဖို့ လူတစ်ယောက်ကို ခွင့်ပြုခြင်းပဲတဲ့။ ဒါပေမဲ့ ဒါဟာ မဖြစ်သင့်ပါဘူး။ သင့်ချစ်သူက သင့်ကို အစဉ်အမြဲ နာကျင်စေနေပြီ၊ သင့်ရဲ့ခံစားချက်ကို သင်ချစ်တဲ့သူတွေက ဘယ်တော့မှ အလေးမထားဘူးဆိုရင် သူ့ကို လက်လွှတ်လိုက်ပါတော့။ အခုတောင် သင် မရေမတွက်နိုင်အောင် နာကျင်ပြီးနေပြီလေ။ ဆက်ပြီး ဆုပ်ကိုင်ထားရင် နာကျင်မှုတွေ ရပ်သွားမယ်လို့ သင်ထင်လို့လား။

၃။ အမြဲတမ်း သင့်ကို စိတ်ပျက်၊ စိတ်ရှုပ်လာစေပြီဆိုရင်

သင့်ရဲ့အလုပ် ဒါမှမဟုတ် သင့်ချစ်သူကို သင်သဘောမတွေ့ဘူး။ ဘာလို့ အစကတည်းက ဒါကို ရွေးချယ်မိမှန်း သင်မသိဘူး။ အဲဒီလူနဲ့ အတူရှိနေရတာ ဒါမှမဟုတ် သင်လုပ်နေတဲ့အရာကို သင် မုန်းတီးလာပြီ။ ဒီအတိုင်းဆက်သွားဖို့ သင် စိတ်မပါတော့ဘူး။

၎။ သိမ်ငယ်စိတ်ဖြစ်ပေါ်နေပြီဆိုရင်

သင့်ကိုယ်သင်တန်ဖိုးထားမှုက အမြဲကျဆင်းနေတယ်။ ပျော်ရွှင်မှုကို မခံစားရတော့ဘူး။ အလေးထားမခံရဘူးလို့ပဲ ခံစားနေရတယ်။ ကိုယ်ကချည်း လိုက်နေရတယ်လို့ ထင်နေရတဲ့အခါ ရပ်လိုက်ပါ။ ကိုယ့်ကိုယ်ကို နေ့တိုင်း ဒီနည်းနဲ့ နှိပ်စက်နေမိပြီဆိုရင် အဲဒီအရာကို လက်လွှတ်လိုက်ပါတော့။

၅။ သင် နောက်ဆုံး ပျော်ရွှင်ခဲ့ရတဲ့အချိန်ကို မှတ်တောင် မမှတ်မိတော့ဘူး

သင်ဘယ်တုန်းက ပျော်ရွှင်မှု အစစ်အမှန်ကို ခံစားခဲ့ရတာလဲ။ ဘယ်လိုမှ မမှတ်မိနိုင်တော့ဘူးဆိုရင် ကိုယ့်ကို အဲဒီလို ဖြစ်ပေါ်စေတဲ့ လူ ဒါမှမဟုတ် အရာတစ်ခုကို လက်လွှတ်ပြီး မေ့ပျောက်လိုက်ပါ။

၆။ ကိုယ်ကချည်း စွန့်လွှတ်အနစ်နာခံနေရတယ်လို့ အမြဲခံစားနေရပြီ

နောက်ထပ် အလျှော့ထပ်ပေးရမှလည်း ကိုယ်ပဲလား။ နာကျင်မှုတွေကို ပိုပိုပြီး ခံစားနေရပြီလား။ ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်နေရပြီလား။ ပိုပြီး စိုးရိမ်ပူပန်နေရပြီလား။ အဲဒါဆို ကိုယ့်အတွက်ကိုယ် စဉ်းစားလို့ လုပ်နေတဲ့အရာတွေကို ရပ်တန့်လိုက်ပါ။

၇။ ကိုယ့်ခံစားချက်ကို ဖော်ပြလို့မရတဲ့အချိန်

သင့်ရဲ့ထင်မြင်ယူဆချက်တွေက အမြဲတမ်း ဖိနှိပ်ခံရပြီး သင့်ခံစားချက်ကို ဘယ်တော့မှ အသိအမှတ်ပြု မခံရတော့ဘူးဆိုရင် ဘာလို့ အဲဒါကို ဆက်လက်ပြီး ဆုပ်ကိုင်ထားဦးမှာလဲ။

၈။ စကားတွေက ရှေ့နောက်မညီညွတ်တော့ချိန်

သင်နဲ့ ဆက်ဆံနေရသူဟာ စကားကို အလွယ်တကူပြောပြီး ဘယ်တော့မှ မတည်တဲ့သူ ဖြစ်နေပြီလား။ ပြောတေ့ တစ်မျိုး၊ လုပ်တော့တစ်မျိုးလား။ အဲဒါဆိုရင်တေ့ဘယ်တော့မှ မကောင်းပါဘူး။

သင်နဲ့ အလုပ်တွဲလုပ်သူက သူ ပြုပြင်မယ်လို့ ပြောပေမဲ့ ဘယ်တော့မှ ကြိုးစားပြုပြင်ခြင်း မရှိရင် သူနဲ့ လမ်းခွဲလိုက်ပါတော့။

သင့်ချစ်သူက သင်ပျော်ရွှင်အောင် နေထိုင်မယ်လို့ ပြောပေမဲ့ ဘယ်တော့မှ မလုပ်ဘူးလား။ အဲဒါဆို သူ့ကို လက်လွှတ်လိုက်ပါတော့။

၉။ ကြိုးစားသမျှ အရာမထင်ဖြစ်နေချိန်

သင်တတ်နိုင်သမျှ အကုန်လုပ်လိုက်ပေမဲ့ ဘာမှ ထူးခြားခြင်းမရှိဘူး။ အဲဒါဆို အဲဒီအတွက် သင့်ရဲ့အချိန်တွေ၊ ငွေတွေ၊ မျက်ရည်တွေ ဒါမှမဟုတ် စိတ်ညစ်ရတာတွေ ပေးဖို့ မတန်တေ့ပါဘူး။ လက်လွှတ်လိုက်ပါတော့။

Credit : Duwun

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top