iMyanmarHouse.com - Best Property Website for Myanmar
×

ခေါင်းလိမ်းဆီ ပုံမှန်လိမ်းပေးခြင်းရဲ့ ကောင်းကျိုးကို ကျွန်ုပ်တို့ အများစု မေ့နေကြပါတယ်။ ကျွန်ုပ်တို့အများအစု မသိကြပေမယ့် ခေါင်းလိမ်းဆီ ပုံမှန်လိမ်းပေးခြင်းက ရေရှည်မှာ အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ ဆံပင်နက်မှောင်စေခြင်းကနေ မှိုတက်ဗောက်ထမှု ကာကွယ်ပေးခြင်း အထိ ပုံမှန်ခေါင်းလိမ်းဆီ လိမ်းခြင်းမှာ ကောင်းကျိုးများစွာ ရှိပါတယ်။

အရွယ်မတိုင် ဆံပင်ဖြူခြင်း ကာကွယ်ပေး

ခေါင်းလိမ်းဆီ ပုံမှန်အသုံးပြုခြင်းက အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းကို ကာကွယ်ပေးကြောင်း သိရပါတယ်။ ဒါတင်မက  ဆံပင်ကို ကျန်းမာသန်စွမ်းစေပါတယ်။

ဆံပင်ဖုံမကပ်အောင် ကာကွယ်ပေး

ခေါင်းလိမ်းဆီ ပုံမှန်လိမ်းပေးခြင်းက ဆံပင်မညစ်ပတ်အောင် ကာကွယ်ပေးပါတယ်။ မျက်နှာကို အချိန်မရွေး ဆေးကြောသန့်စင်မှု လုပ်နိုင်ပေမယ့် ဆံပင်ကျတော့ အဲဒီလိုမျိုး လုပ်လို့မရပါ။ ပုံမှန်ခေါင်းလိမ်းဆီလူးပေးခြင်းက ဆံပင်အပေါ်ယံ အကာအကွယ်ပေး အလွှာတစ်ခုအဖြစ် ဆောင်ရွက်ပေးကာ အညစ်အကြေး၊ ဖုန်၊ ခရမ်းလွန်ရောင်ခြည်စတဲ့ ပတ်ဝန်းကျင်ရဲ့ ထိုးနက်မှုဒဏ်အမျိုးမျိုးကနေ ကာကွယ်ပေးထားပါတယ်။

ဆံပင်ခြောက်သွေ့မှု ကာကွယ်ပေး

ဆံပင်ခြောက်သွေ့မှု ကင်းဝေးစေဖို့ ပုံမှန် hair spa လုပ်ခြင်းက ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခု မဟုတ်ပေမယ့် ခေါင်းလိမ်းဆီပုံမှန်အသုံးပြုခြင်းက ဆံပင်ကို အာဟာရဖြစ်အောင် ထိန်းသိမ်းပေးပါလိမ့်မယ်။ နောက်ပြီး ဆံကေသာကို အေးမြစေပြီး ဆံပင်ပူပြင်းခြင်းမှ ကာကွယ်ပေးပါတယ်။ ဆံပင် အရမ်းခြောက်နေလို့ရှိရင် ခေါင်းလိမ်းဆီလိမ်း၊ ပုဝါကို ရေနွေးမှာ စိမ်ပြီး ခေါင်းမှာ ပတ်ပေးနိုင်ပါတယ်။ ဒီနည်းက ဆီတွေကို ဦးရေပြားထိ ကောင်းမွန်စွာ စိမ့်ဝင်စေပါတယ်။

ဆံကေသာ ချောမွေ့ပျော့ပျောင်းစေ

ဆံပင်ချောမွေ့နေစေဖို့ အကာင်းဆုံးနည်းလမ်းတစ်ခုက နေတိုင်း ခေါင်းလိမ်းဆီလိမ်းပေးခြင်းပဲ ဖြစ်ပါတယ်။ ခေါင်းလိမ်းဆီလိမ်းပေးခြင်းက ဦးရေပြား သွေးလည်ပတ်မှု ပိုမိုကောင်းမွန်စေတယ်။ ဒ့ါကြောင့် ပျက်စီးသွားတဲ့ဆံပင်တွေကို ပြန်လည်ကောင်းမွန်စေပါတယ်။ ဒီနည်းက ဆံကေသာ ပိုမိုချောမွေ့တောက်ပြောင်စေမှာ ဖြစ်ပါတယ်။



Credit:Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top