iMyanmarHouse.com - Best Property Website for Myanmar
×

၁ - ညကတည်းက ပြင်ဆင်

မနက်လုပ်မယ့်ကိစ္စကို ညကတည်းက ပြင်ဆင်ထားသင့်ပါတယ်။ နောက်နေ့ဝတ်မယ့် အဝတ်အစားတွေကို တစ်ခါတည်းမီးပူတိုက်ပြီး ချိတ်မှာ ချိတ်ထားပါ။ မနက်စာ ဘာစားမလဲကြိုတင်စဉ်းစားပြီး အဆင်ပြေဆုံးကို ညကတည်း ရွေးချယ်ထားပါ။ ခေါင်းလျှော်ရည်၊ ဖိနပ်၊ ဆံပင်၊ ရုံးယူရမယ့်ပစ္စည်း အားလုံးကို ညဘက် မအိပ်ခင်ကတည်းက ကြိုပြင်ထားပါ။

၂ - ကြိုက်တာနဲ့စ

မနက်တစ်ခုကို ကိုယ်ကြိုက်တာနဲ့ အရင်စပါ။ ဥပမာ - လက်တွဲဖော်ဆီ မက်ဆေ့ပို့တာမျိုး၊ သီချင်းတစ်ပုဒ်ဖွင့်လိုက်တာမျိုး၊ ကော်ဖီတစ်ခွက် သောက်လိုက်တာမျိုးပါ။

၃ - နှိုးစက်

အိပ်ရာမထနိုင်လို့ အလုပ်နောက်ကျတာ ဖြစ်နိုင်ပါတယ်။ ဒီ့အတွက် နှိုးစက်ကိုတော့ မဖြစ်မနေ သုံးရမှာ ဖြစ်ပါတယ်။

၎ - သတိပေး

မနက်နိုးလာတဲ့အခါ ဦးနှောက်ကို သတိပေးဖို့ စာလေးတွေလည်း ရေးထားပြီး မြင်လောက်တဲ့နေရာမှာ ကပ်ထားသင့်ပါတယ်။ မနက် ရုံးကို Hard Disk သယ်သွားရမယ်၊ ရေခဲသေတ္တာထဲက မနေ့ကကျန်တဲ့ မုန့်တွေ နေ့လည် အစာပြေစားဖို့ သယ်သွားမယ် ဆိုတာမျိုးပါ။

၅ - ဆွေးနွေး

အလုပ်ချိန်က သင့်အတွက် ဘယ်လိုမှ အဆင်မပြေဘူးဆိုရင် အထက်လူကြီးနဲ့ ဆွေးနွေးကြည့်ပါ။  ဒါပေမဲ့ ဒီလိုဆွေးနွေးဖို့ဆိုတာ အလုပ်မှာ သင့်စွမ်းဆောင်ရည်က သူများရဲ့ ထိပ်ဆုံးမှာ ရှိနေမှ ပြောရလွယ်ပါမယ်။

၆ - အလုပ်ရှာ

မနက် ရုံးတက်ချိန်အမီသွားရလောက်အောင် စိတ်မပါဘူးဆိုရင်တော့ ဒါဟာ လုပ်တဲ့အလုပ်နဲ့ ဆိုင်နေပါပြီ။ စောစောထ သွားချင်လောက်တဲ့ အလုပ်မျိုးကို ပြောင်းသင့်ပါတယ်။ ဒါဟာ သင့်အတွက်ကော၊ ကုမ္ပဏီအတွက်ပါ အကျိုးရှိပါတယ်။ ကြာရင် အထက်လူကြီးတင်မက လုပ်ဖောက်ကိုင်ဖက်တွေကပါ သူတို့အလုပ် ထိခိုက်တာကြောင့် သင့်အပြုအမူကို သဘောကျမှာ မဟုတ်တော့ပါဘူး။

Credit : Duwun

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top